စစ်အာဏာရှင်ဆန့်ကျင်ရေး

၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ ၄ ကြာတိုက်ပွဲအတွင်း ကျောက်ထု PDF မှ သူရဲကောင်း ရဲဘော်ဗိုလ်စော၊ ရဲဘော်ဗိုလ်ရဲခေါင် နှင့် ရဲဘော်ဗိုလ်ပေတိုးတို့ ကျဆုံးခဲ့ရကြောင်း ကျောက်ထု PDF က ယနေ့ထုတ်ပြန်ထားသည်။ Red News Agency
Read More
ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿကျေးရွာအနီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့သည်ဟု သိရသည်။ " ယနေ့မနက်ပိုင်း ရေဦးမြို့နယ် ရွာမိဿရွာအနီး စစ်ခွေးများနှင့်ထိတွေ့မှုဖြစ်စဉ်တွင် စစ်ခွေးများလည်း မူးပေါင်ပေါ်မှဆွဲချရသည်အထိ ဖြစ်ခဲ့ပြီး ပြည်သူများ၏ ပကဖ/PDF များလည်း ကျဆုံးခဲ့ရသည့်အတွက်များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ရဲဘော်တို့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအနားယူပါတော့ ပြည်သူချစ်ရဲဘော်တို့ရယ်" ဟု ပကဖ(ရေဦး)/ PDF(YEU)က အသိပေးထားသည်။ ယနေ့ ရေဦးမြို့နယ် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း အကျအဆုံးရှိခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားရာအနီးရှိ…
Read More
အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တိုင်း လပ်နက်လိုအပ်နေချိန် ကရင်နီပြည်က KGZ Army အနေဖြင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇သိန်းကျပ်ဖြင့် ဝယ်ယူလိုပြီဖြစ်ပြီး အလှူရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း အသိပေးလာသည်။ စစ်ကောင်စီတပ်နှင့် ကရင်နီ (ကယား) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသော်လည်း လက်နက်လိုအပ်မှုများရှိနေကြောင်း၊ စစ်ကောင်စီတပ်က သေသွားသူများ၏ လက်နက်များကို ပြန်ယူကာတိုက်ခိုက် နေကြရကြောင်း၊ NUG ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီပြည်က ကာကွယ်ရေးတပ်များကိုလည်း လက်နက်ထောက်ပံ့မှု နည်းပါးနေကြောင်း သိရသည်။ နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲချိန်မှ ယနေ့အထိ တပ်ဖွဲ့ဝင်များသာ များပြားလာသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှလွဲ၍ ထပ်မံပေါ်ပေါက်လာသည့်…
Read More
သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ စစ်အာဏာရှင်ဆန့်‌ကျင်ရေး ပါဝင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ယနေ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
မိခင်အတွက် ကျန်မျက်လုံးတစ်ဖက် အမြန်ဆုံး ပြန်မြင်ချင်နေတဲ့ သူရဲကောင်း မင်းသူရ

မိခင်အတွက် ကျန်မျက်လုံးတစ်ဖက် အမြန်ဆုံး ပြန်မြင်ချင်နေတဲ့ သူရဲကောင်း မင်းသူရ

“ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော် အမေ့အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ” ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းမှာ စစ်သားနှင့် ရဲများက အင်အားသုံးဖြိုခွင်းခဲ့သည့် ဖြစ်စဥ်တွင် ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံးတစ်ဖက် ကျွတ်ထွက်ခဲ့ပြီး ကျန်ညာဘက်မျက်လုံးတစ်ဖက်ကိုလည်း ဆေးကုသမှုများ ပြုလုပ်နေရသည့် မောင်မင်းသူရက နှလုံးရောဂါသည် မိခင်ကြီးအတွက် ကျန်မျက်လုံးတစ်ဖက်ကို အမြန်ဆုံး ပြန်မြင်ချင်နေသည့် သူ့ဆန္ဒကို ဆိုသည်။ ရန်ကုန်မြို့တွင် စစ်သားနှင့် ရဲများက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မတ်လ ၃ ရက် ဖြစ်စဥ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းမှ လူငယ်များစွာ အထိအခိုက် များခဲ့သည်။ ထို့နေ့ ပစ်ခတ်မှုများကြောင့် မောင်မင်းသူရမှာ…
Read More
နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

RNA- မတ် ၁၃ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ ညဦးပိုင်းက နွေဦးတော်လှန်ရေး စာလုံးပုံဖော်ပြီး ဖရောင်းတိုင်မီးများထွန်းကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်သုံး ဖြိုခွင်းခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထိ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၈ ဦးသေဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း(…
Read More