ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။

ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည် တနှစ်ကြာသည်အထိ အောင်မြင်မှုမရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နေသည့် တိုင်းနှင့်ပြည်နယ်တချို့ပါရှိလာပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

Red News Agency

By Editor