စစ်အာဏာရှင်ဆန့်ကျင်ရေး

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းနှင့် စာကြည့်တိုက် ဖယ်ရှား ရှင်းလင်းခံရ 

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းနှင့် စာကြည့်တိုက် ဖယ်ရှား ရှင်းလင်းခံရ 

RNA_ဇွန် ၂၇၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( MAEUSU) ၏ သမဂ္ဂရုံးခန်းရှိ ကျောင်းသားများသမဂ္ဂနှင့်သက်ဆိုင်သည့်အဆောင်အ‌ယောင်အမှတ်တံဆိပ်အလံများအသုံးအဆောင်ပစ္စည်းများအားလုံးနှင့် စာကြည့်တိုက်ကို စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူနှင့်အဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။ လေကြောင်းတက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ကိုယ်ထူကိုယ်ထစာကြည့်တိုက်ဖြစ်သည့် " MAEU Students' Union Library "ရှိ စာအုပ်နှစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ဖယ်ရှားရှင်းလင်းလိုက်သည့်ရက်ကို MAEUSU မှ အတိအကျသိရှိရန် စုံစမ်းနေကြောင်း၊ စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူသည် မိတ္ထီလာ နည်းပညာတက္ကသိုလ်မှ MAEU သို့ စစ်ကောင်စီကပြောင်းရွှေ့ခန့်အပ်ခဲ့သည်။ (more…)
Read More
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

RNA_မတ်၂၁၊၂၀၂၂ခုနှစ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇…
Read More
လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

RNA_မတ်၁၉၊၂၀၂၂ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ဗိုလ်သူရိန်တပ်ဖွဲ့ ( Bo Thurain - Yinmabin PDF )က လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဖြစ်ကြောင်း ယနေ့ ပြောကြားထားသည်။ " လက်နက်အင်အား မလုံလောက်သေးပေမဲ့ စစ်ခွေးကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ မဖြစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ ပြည်သူများ၏ ထောက်ပံ့မှုများကိုလည်း မအလရဲ့ စစ်ခွေးတွေကို ငရဲရောက်အောင်ပို့ဖို့အတွက် အလေအလွင့်မရှိ အသုံးပြုနေပါတယ်။လက်နက် ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း အောင်မြင်မှုရှိနေပါပြီ။ တိုက်ပွဲမှာခွေးစာကျွေးပြီး ကုန်သွားတဲ့ ပစ္စည်းတွေအတွက် တိုက်ပွဲနား ချိန်မှာ ထုတ်လုပ်ရေးတွေအဆက်မပြတ်လုပ်နေပါတယ်" ဟု ဗိုလ်သူရိန် တပ်ဖွဲ့က ‌ပြည်သူများကို ပြောကြားထားသည်။ (more…)
Read More
“ချန်ဂင်တို့စခန်း (၁၃)”

“ချန်ဂင်တို့စခန်း (၁၃)”

“ငါမှ အုပ်ချုပ်လို့မရရင် နင်တို့တိုင်းပြည် မီးလောင်ပြင်ထဲ နေခဲ့ကြ။” ဆိုတဲ့ စိတ်ယုတ်မာမျိုး။ ၃၁ ဘုံမှာ သူ့ထက်ယုတ်မာတဲ့ သတ္တဝါ အသင်းအပင်း အဖွဲ့အစည်း ဘယ်တုန်းကမှ မရှိဖူးဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ မရှိတော့အောင်ကို မျိုးဖြုတ်ပစ်ရမှာ။ ဒေါက်တာစိုးမင်း (CDM ဆရာဝန်) ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။…
Read More
ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

RNA_မတ် ၉၊၂၀၂၂ခုနှစ်။ ယနေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ရင်း Karenni Generation Z ( KGZ Army) က ရဲဘော်တဦး ယနေ့ ကျဆုံးခဲ့ကြောင်း သိရသည်။ ကရင်နီပြည်ကို တာဝေးပစ်လက်နက်ကြီး၊ လေကြောင်း ပစ်ကူ စသည့် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ကို KGZ ၊ PDF ၊ KNDF၊ KPDF စသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အသက်ပေး ကာကွယ်နေကြောင်း KGZ ရဲဘော်များထံမှ သိရသည်။ Red News Agency
Read More
လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

RNA_မတ်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ်…
Read More
“ချန်ဂင်တို့စခန်း (၁၂)”

“ချန်ဂင်တို့စခန်း (၁၂)”

ဒီကလေးတွေကို စိတ်အားငယ်မသွားအောင်၊ စိတ်ဓါတ်ကျမသွားအောင် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲမြံမြံ ရပ်တည်နိုင်ဖို့ နည်းပေးလမ်းပြချင်တဲ့ စေတနာနဲ့ ဒီစာကိုရေးပါတယ်။ ဒေါက်တာစိုးမင်း (CDM ဆရာဝန်) စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို…
Read More
ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

RNA_မတ် ၃၊၂၀၂၂ခုနှစ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ (MIU-PDF) ရဲဘော်များအနေဖြင့် ရှေ့တန်းထွက်ရသူများရှိပြီး နောက်တန်းကျန် ရဲဘော်များ အပြင်းအထန်လေ့ကျင့်နေကြရကြောင်း ယနေ့ နံနက်ပိုင်းက အခက် အခဲအကြပ်အတည်းကို ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်‌နေသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။ Red News Agency
Read More
ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

RNA_‌မတ်၃၊၂၀၂၂ခုနှစ်။ မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ Red News Agency
Read More
စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

RNA_မတ် ၂၊၂၀၂၂ခုနှစ်။ မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မီးရှို့သွားသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်များမှ သန့်ရှင်းရေးအပါအဝင် အိမ်ဆောက်မည့်ကိစ္စများအတွက် လုပ်အား ပါဝင်ကူညီပေးခဲ့ကြောင်း ယနေ့ အသိပေးထားသည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ် စသည့် နယ်တကျောတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ RedNewsAgency
Read More