စစ်တပ်

မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

အောင်နိုင်သူ၊ ကျောက်တော်|နိုဝင်ဘာ ၂၂ ရက်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်းမြစ်ထဲတွင် မြန်မာ့တပ်မတော်(ရေ)၏ နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နိုဝင်ဘာလ ၂၂ ရက် (ယနေ )နံ နက် ၇ နာရီခန့်က ကသစ်တောကျေးရွာ သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ၂ ဦးမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာနေ ဦးထွန်းစိန်၏သား အသက် ၇၃ နှစ်အရွယ် ဦးထွန်းလှဖြူဖြစ်ပြီး ဘယ်ဖက်ခြေသလုံးကြေမွဒဏ်ရာနှင့် ဦးမောင်မောင်၏သား အသက် ၁၉ နှစ်အရွယ် ကိုစိုးစိုးလင်း ဘယ်ဘက်တံ တောင်နှင့်ညာဖက်ပေါင်တို့တွင် လက်နက်ကြီးကျည်စများထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ထို ၂ ဦးကို ယနေ့နေ့လည် ၂ နာရီကျော်အချိန်က ကျောက်တော်ဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့…
Read More
ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရိုက်ကူး- သော်ဇင်ဖြိုး (ဂျပန်)|သတင်း-မြတ်ထွန်းနိုင်၊ တိုကျို|နိုဝင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး International Campaign For Arakan အဖွဲ့က လာမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ဂျာပန်နိုင်ငံမှာ “ရခိုင်ပြည်တွင်း မြန်မာအစိုးရမှလူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့်ပတ်သတ်၍” သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို International Campaign For Arakan ရဲ့ဒါရိုက်တာ ဦးမောင်သန်းက ရှင်းပြထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို ကမ္ဘာကသိစေဖို့အတွက် ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ International Campaign For Arakanကိုတော့ ဒီ ၂၀၁၉ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဂျာပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း…
Read More