Tag: စစ်တပ်

  • စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

    စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်ယော်တိုက်နယ်၊ ပန်နန်းကျေးရွာ ပြည်သူများ စစ်ဘေးရှောင်ရာမှာ ပြန်လာစဉ် လမ်းတွင်လက်နက်ကြီး ထိမှန်ကာ အမျိုးသမီး (၄) ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။

    ဒေသခံတဦး လက်နက်ကြီး ကျရောက်သည့် ဖြစ်စဉ်အတွင်း ရိုက်ကူးထားသည့်ရုပ်သံတွင် ကိုးကန့်တပ်ဖွဲ့က ပစ်လိုက်သည့် လက်နက်ကြီးဖြစ်ကြောင်း ပစ်ခံရသည့် စစ်ဘေးရှောင်များက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=wwX3z_IpDng[/embedyt]မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ဘေးရှောင်ရာမှပြန်လာစဉ် လက်နက်ကြီးကျကာ နေရာတွင် အမျိုးသမီး (၃) ဦးသေဆုံးပြီး ဆေးကုသခံယူ‌နေစဉ် အသက် ၂၀ အရွယ် လွေးအေးမန် ထပ်မံသေဆုံးကြောင်း၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

    #RedNewsAgency

  • ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်

    ကောင်းမြတ်နိုင်

    ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုကိစ္စဟာ အစိုးရအနေနဲ့ အာဏာအလွှဲသုံးပြီး အင်အားအလွန်အကျွံအသုံးပြုမှုကို ပြသနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ကနေ ဘယ်နေ့ထိ ခေတ္တခဏရှောင်တိမ်းနေရမယ် အဲဒီလို ပြောင်းရွေ့နေစဉ်ကာလအတွင်း အဲဒီရွာသား အားလုံးရဲ့စားဝတ်နေရေးကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာမပါရှိသလို အဲဒီလို နယ်မြေရှင်းလင်းရေးအတွင်း ပျက်စီး ဆုံးရှုံးသွားတဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအတွက် ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

    ဒီထုတ်ပြန်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်သလို လူ့အခွင့်အ ရေး နိုင်ငံတကာစစ်မျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပါ ၃၅၆ မှာတော့ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း ၍ ဥပဒေအရ အကာအကွယ်ပေးရမည် “လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။

    (more…)

  • မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

    မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

    အောင်နိုင်သူ၊ ကျောက်တော်|နိုဝင်ဘာ ၂၂ ရက်။

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်းမြစ်ထဲတွင် မြန်မာ့တပ်မတော်(ရေ)၏ နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နိုဝင်ဘာလ ၂၂ ရက် (ယနေ )နံ နက် ၇ နာရီခန့်က ကသစ်တောကျေးရွာ သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါ ၂ ဦးမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာနေ ဦးထွန်းစိန်၏သား အသက် ၇၃ နှစ်အရွယ် ဦးထွန်းလှဖြူဖြစ်ပြီး ဘယ်ဖက်ခြေသလုံးကြေမွဒဏ်ရာနှင့် ဦးမောင်မောင်၏သား အသက် ၁၉ နှစ်အရွယ် ကိုစိုးစိုးလင်း ဘယ်ဘက်တံ တောင်နှင့်ညာဖက်ပေါင်တို့တွင် လက်နက်ကြီးကျည်စများထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

    ထို ၂ ဦးကို ယနေ့နေ့လည် ၂ နာရီကျော်အချိန်က ကျောက်တော်ဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဖြူစင်မေတ္တာပရဟိတအသင်း၏အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ [embedyt] https://www.youtube.com/watch?v=ne5B6_KKu_Y[/embedyt]Red News Agency

  • ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

    ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

    ရိုက်ကူး- သော်ဇင်ဖြိုး (ဂျပန်)|သတင်း-မြတ်ထွန်းနိုင်၊ တိုကျို|နိုဝင်ဘာလ ၃ ရက်။

    မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး International Campaign For Arakan အဖွဲ့က လာမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ဂျာပန်နိုင်ငံမှာ “ရခိုင်ပြည်တွင်း မြန်မာအစိုးရမှလူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့်ပတ်သတ်၍” သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို International Campaign For Arakan ရဲ့ဒါရိုက်တာ ဦးမောင်သန်းက ရှင်းပြထားပါတယ်။

    ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို ကမ္ဘာကသိစေဖို့အတွက် ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
    International Campaign For Arakanကိုတော့ ဒီ ၂၀၁၉ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဂျာပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားတိုက်ပွဲတွေအတွင်း မြန်မာအစိုးရစစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်းထားတယ်လို့ စွပ်စွဲထားသလို အစိုးရအနေနဲ့လည်း အကာအကွယ်မပေးဘူးလို့ International Campaign For Arakanကဆိုပါတယ်။[embedyt] https://www.youtube.com/watch?v=Z7NWZivqYng[/embedyt]Red News Agency