ရခိုင်ကို စစ်အင်အားအလွန်အကျွံသုံး

ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ် ကောင်းမြတ်နိုင် ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့…
Read More