ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရိုက်ကူး- သော်ဇင်ဖြိုး (ဂျပန်)|သတင်း-မြတ်ထွန်းနိုင်၊ တိုကျို|နိုဝင်ဘာလ ၃ ရက်။

မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး International Campaign For Arakan အဖွဲ့က လာမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ဂျာပန်နိုင်ငံမှာ “ရခိုင်ပြည်တွင်း မြန်မာအစိုးရမှလူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့်ပတ်သတ်၍” သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို International Campaign For Arakan ရဲ့ဒါရိုက်တာ ဦးမောင်သန်းက ရှင်းပြထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို ကမ္ဘာကသိစေဖို့အတွက် ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
International Campaign For Arakanကိုတော့ ဒီ ၂၀၁၉ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဂျာပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားတိုက်ပွဲတွေအတွင်း မြန်မာအစိုးရစစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်းထားတယ်လို့ စွပ်စွဲထားသလို အစိုးရအနေနဲ့လည်း အကာအကွယ်မပေးဘူးလို့ International Campaign For Arakanကဆိုပါတယ်။

Red News Agency

By Editor