12
Jul
RNA_ဇူလိုင်၁၂၊၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်ရင်းဖွဲ့စည်းပုံပျက်လောက်သည်အထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သားအများအပြားသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်သည် (၃)ဦးသာ " ပွန်းပဲ့ဒဏ်ရာ " ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ (၈)မှ တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး RPG အသီး -၂၆…