အတုအယောင်ရွေးကောက်ပွဲ

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

"ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ" ရန်နိုင် နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့်…
Read More
အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။ (more…)
Read More
ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။   တော်လှန်ရေးအတွင်း အရပ်သားအစိုးရပေါ်ပေါက်ရေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တကျော့ပြန်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ( ASECC ) တာဝန်ရှိသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပြထားသည်။   #RedNewsAgency #REDNEWS #RNA
Read More
အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစသ်အားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆို အကြံပြုထားသည်။ အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု” ရည်ရွယ်ချက်အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်းတွင် အကြံပြုချက်နှင့် တောင်းဆိုချက်များတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်စသည့် အချက်များ ပါရှိသည်။ (more…)
Read More