ရှမ်းမြောက်

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

RNA_မတ် (၁၆)၊၂၀၂၆ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့တစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) မှ အပြည့်အဝထိန်းချုပ်ထားကြောင်းကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက Red News Agency ကို အတည်ပြု ပြောကြားသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် တအာင်းတပ်တော် (TNLA) နှင့် MNDAA တပ်ဖွဲ့တို့ ကွတ်ခိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် မြို့ကနေ ဆုတ်ခွါသွားသည့်အတွက် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း…
Read More
ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၃၀ရက်) နံနက်စောစော ၁ နာရီခန့်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၁) ဦး၊ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄) ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၄) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု TNLA ကထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ မြို့များရှိ ပြည်သူများကို…
Read More
စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

RNA_ဇူလိုင်(၁၄)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ရာတွင် စိတ်ရောဂါဝေဒနာရှင်၊ မသန်စွမ်းများကိုပါ စစ်မှုထမ်းခိုင်းနေသည်ဟု အဓမ္မစစ်မှုထမ်းအဖြစ်မှ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထံ အလင်းဝင်လာသူ ကိုသိန်းထွန်းအောင်က ပြောပြထားသည်။ (more…)
Read More
TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာတောင်ဘက်တွင် တအာင်းတပ်မတော်-TNLA နှင့် ရှမ်းပြည်တပ်မတော် - SSA တို့ ဇွန်လ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။ မိုးဟောက်ကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် TNLA ကင်းလှည့်စဉ် SSA တပ်က (၂) ကြိမ်ခြုံခိုပစ်ခတ်သည်ဟု TNLA ကပြောကြားထားပြီး၊ SSA ဘက်ကလည်း TNLA မှစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ခဲ့ရသည်ဟု ပြောကြားထားကြသည်။ (more…)
Read More
နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။ ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။ (more…)
Read More
တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

"အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ" ပင်လယ်သူ လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ…
Read More
စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။ ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွက် တပ်မဟာသစ်တစ်ခုဖွဲ့စည်းမည်ဟု ပြောကြားပြီးနောက် ယနေ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ မှတ်တမ်းကို ယနေ့ အသိပေးထားသည်။ #RedNewsAgency
Read More
PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA၏ အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ "ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း" PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားထားသည်။ (more…)
Read More