တိုက်ပွဲပြင်းထန်

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF - Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် - YDF မှ ယနေ့ ထုတ်ပြန်ထားသည်။   ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ…
Read More
မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်းကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီတပ်မှ (၁၉) ဦးသေဆုံးကြောင်း သိရသည်။ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည့်အတွက် ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် မဟာမိတ်များက တောနင်းရှာဖွေရာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ့ (၅) နာရီအထိ ပစ်ခတ်တိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်ထွက်ပြေးစဉ် (၆) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း PKPDF -2 ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ဘေးရှောင်များကို ကယ်ထုတ်သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျ

စစ်ဘေးရှောင်များကို ကယ်ထုတ်သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျ

RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။ ရှမ်း- ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ တောင်ပေါ် စစ်ဘေးရှောင်တစ်နေရာတွင် စစ်ကောင်စီတပ် တပ်မ (၆၆)မှ စစ်ကြောင်းထိုးလာပြီး စစ်ဘေးရှောင်များကို ဖမ်းဆီးသည့်အတွက် PDF မှ ကယ်ထုတ်ရန်တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ အသေအဆုံးများခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျဆုံးကြောင်း သိရသည်။ စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးကာ အသက် (၈၁) နှစ်၊ (၇၈) နှစ်အရွယ် သက်ကြီးရွယ်အို (၂) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ (၇) တန်းကျောင်းသား (၁) ဦးကို ပစ်သတ်ခဲ့သည့် တပ်မ (၆၆) ကို မတ်လ (၁၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း-၂၊ KNDF B-03…
Read More
ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column - နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။ Red News Agency
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ‌ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF - Zotung၊ CDF - Mara…
Read More
မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့…
Read More
ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။ သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄…
Read More
တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ "တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်" ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ (more…)
Read More