ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

“ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့” ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။

ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် ” ‘မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှာ စစ်အာဏာရှင်တို့က ရဲစွမ်းသတ္တိပြည့်ဝသည့် ကျောင်းသားခေါင်းဆောင် သူရဲကောင်း ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့ကြကြောင်း၊ ကြိုးပေးသည့် စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ပါက ပြစ်ဒဏ်လျှော့ပေးမည်ဟု စစ်အာဏာရှက်လက်ပါးစေများက ပြောခဲ့ပေမဲ့ ဆလိုင်းတင်မောင်ဦးက “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဟု ရဲဝံ့စွာ တုံ့ပြန်ပြောဆိုခဲ့သည်။

YouTube: https://youtu.be/6qotb7yMpgA

Red News Agency

By Editor