တော်လှန်သင်္ကြန်

သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း

သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့လယ်တဝိုက်တွင် နှစ်စဉ်နှစ်တိုင်း သင်္ကြန် စည်ကားနေသည့် နေရာများတွင် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်ကို ပြည်သူများမပူးပေါင်းသည့်အတွက် ယနေ့ (သင်္ကြန်အကျ) နံနက်ပိုင်း (၉) နာရီကျော်က လမ်းမပေါ်တွင် ရေကစားသူမရှိကြောင်း သိရသည်။   စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုမရှိကြောင်း၊ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများက စစ်ကောင်စီကိုလက်မခံသည့်အတွက် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင်လည်း ပူးပေါင်းပါဝင်မှုမရှိကြောင်း သိရသည်။ (more…)
Read More
Myingyan Black Tiger(MBT)၏ တော်လှန်သင်္ကြန် သံချပ်

Myingyan Black Tiger(MBT)၏ တော်လှန်သင်္ကြန် သံချပ်

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။ "အပျော်ကြိုက်တဲ့ ကျွန်တော်တို့အရွယ်လူငယ်တွေ အသက်တွေ၊ ဘဝတွေပေးပြီး လက်နက်ကိုင်တော်လှန်နေချိန်မှာ......စကစ ဖန်တီးနေတဲ့ သင်္ကြန် အတုကို မိဘပြည်သူအားလုံးက သပိတ်မှောက်ပေးစေချင်ပါတယ်" ဟုပြောကာ Myingyan Black Tiger(MBT)၏ တော်လှန်သံချပ်ကို ဖြန့်ချိလာခဲ့ပြီး တော်လှန်သင်္ကြန် သံချပ်လေးနဲ့ ပေါက်ကွဲပြထားတာလေးကို ရှုစားနားဆင်ကြည့်ကြပါခင်ဗျဟု ဗိုလ်မိုက်ခဲကပြောကြားထားသည်။ #RedNewsAgency  
Read More
စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ပြည်သူများ ပျော်ရွှင်‌နေပြီး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနေသည်ဟု အကြောင်းပြရန် စစ်ကောင်စီ ပြုလုပ်မည် သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှု မပြုလုပ်ကြရန်နှင့် ဆန့်ကျင်သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေးလိုက်ကြောင်း Bago Region PDF ကထုတ်ပြန်ထားသည်။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီက ၎င်းတို့၏အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်အား သပိ‌တ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က ဗဟိုမဏ္ဍပ်ကို ယနေ့  နံနက် (၅) နာရီခန့်က အသံမိုင်းခွဲ၍ သတိပေးထားသည်။ (more…)
Read More
ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။ နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More