[embedyt] https://www.youtube.com/watch?v=pmFjOkwsgoY[/embedyt]
Category: ရုပ်သံ
-

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း
RNA_ဧပြီ(၂၄)၊ ၂၀၂၃ ခုနှစ်။ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=pmFjOkwsgoY[/embedyt]
ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် ဧပြီလ (၂၁) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဝင်ရောင်စဉ် စစ်ကောင်စီတပ်သားများနှင့် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။#RedNewsAgency -

စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း
RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ကရင်နီပြည် (ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဗုံးကြဲခဲ့သည့်အတွက် ဆေးရုံတခုလုံး ပျက်စီးသွားသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။[embedyt] https://www.youtube.com/watch?v=iK_o-i7VmjQ[/embedyt]#RedNewsAgency -

မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့
RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။
မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွရောက်စဉ် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေမအတွင်း ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=_hr07clMQV8[/embedyt]
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင် ဧပြီလ (၁၁) ရက်နေ့က မိုင်းဘုန်းဆရာတော်၏ ယာဉ်တန်း ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။
-

ဆရာဝန်၊ဆရာမတို့ကို လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး
ဆရာဝန်၊ဆရာမတို့ကို လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီးRNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။[embedyt] https://www.youtube.com/watch?v=NVRkhdO-6Ys[/embedyt]မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀ ခန့်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပိတ်မိသည့်အတွက် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၀၀ ခန့်၏ ဖုန်းများကို ယူဆောင်သွားကြောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် ဆရာဝန်ပါအဝင် (၁၆) ဦးကိုဖမ်းဆီးကာ ထွက်ခွါသွားကြောင်း သိရသည်။#RedNewsAgency -

စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်
RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ ထုတ်ပြန်ထားသည်။
မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People DefenseForce(TTAPDF)၊ (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=CldIyycGHdc[/embedyt]
-

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်
RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။
စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။
[embedyt] https://www.youtube.com/watch?v=kq3hPLXVasU[/embedyt]
#RedNewsAgency
-

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=NgLYdnoSY6k[/embedyt]“ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို မလိုလား၍ ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန့်သောအနေဖြင့် မြင်းမူမြို့နယ် ဘုန်းမကြီးကင်းကျေးရွာတွင် အင်အား ၈၅ဦးခန့် အထိုင်ချနေသော စစ်ခွေးများအား ၈၀မမ ဖြင့် ၈ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ခွေး၈ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်ကြောင်း သတင်းရရှိပါသည်။ စစ်ခွေးများဘက်မှလက်နက်ကြီး လက်နက်ငယ်ဖြင့် ပြန်လှန်ပစ်ခတ်မှု့ကြောင့်တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်
RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=ocvOpQmnQDw[/embedyt]
Red News Agency
-

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်
RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=eKnfKB2u8b0[/embedyt]
