ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

RNA_ဇွန်(၁၄)၊၂၀၂၃ ခုနှစ်။

လက်နက်ကိုင်ခုခံစစ်တွင် ယခုကာလသည် ထိုးစစ်ဆင်သည့် ကာလာဖြစ်ပြီး နွေဦးတော်လှန်ရေး (၂) နှစ်အတွင်း အထင်မှတ်ထားလောက်အောင် အောင်မြင်နေသည်ဟု Red News Agency နှင့် အင်တာဗျူးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောကြားထားသည်။

“ဒီကာလကတော့ ထိုးစစ်ဆင်တဲ့ကာလပေါ့ ဒီ ၂ နှစ်တွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ နောက်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ တခုချင်း တခုချင်းကို အကောင် အထည်ဖော်နေကြတာပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့ မှန်းသလောက်မရောက်ပေမဲ့လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် တော်လှန်ရေးက အောင်မြင်နေတယ်ပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F သည် တောင်ပိုင်းတိုင်းစစ်ဒေသတွင် အထိုင်ချပြီး မြို့ပြတိုက်ပွဲများတွင်ပါ ဖော်ဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ခံအဖွဲ့ဖြစ်ပြီး၊ မဟာမိတ်များနှင့်ပူးပေါင်းတိုက်ပွဲများ၊ မြို့ပြပြောက်ကျားတိုက်ပွဲများ ဖော်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

Red News Agency

By Editor