သတင်း

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။ (more…)
Read More
ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

RNA_ဩဂုတ်(၆)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းအားလုံးကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)မှ ရဲဘော် မဟောက် ( အသက် ၁၇ နှစ်) နှင့် အညာမြေတပ်ပေါင်းစုမှ ရဲဘော် G Shock (အသက် ၂၃ နှစ်) တို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီ၏ ကိုင်းတောမရှိ အထိုင်စခန်းအားလုံးကို ဩဂုတ်လ (၃) ရက်နေ့ နံနက် (၆) နာရီက တပြိုင်နက်ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၅) ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ခဲယမ်းများ…
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့အား ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁၃) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် (၁) နာရီခန့်က ကံတောင်ကျေးရွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ (၁) ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် နွယ်ရုံကျေးရွာအားလေကြောင်း တိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ (၁၀)…
Read More
လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။ MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။ "ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။ လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့်…
Read More
ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။   ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ (more…)
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

RNA_ဇူလိုင်(၂၇)၊၂၀၂၄ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲတို့ကို တောင်ပိုင်းတိုင်း စစ်ဒေသတွင်း တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) ထံမှ သိရသည်။ ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။   "PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင်…
Read More
ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။   တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊…
Read More