အညာမြေတပ်ပေါင်းစု

မဟာဗျူဟာအရ အရေးပါသော ကန့်ဒေါင့်ရဲစခန်းမကျရေး စစ်ကောင်စီကြိုးပန်းခဲ့သော်လည်း မအောင်မြင်

မဟာဗျူဟာအရ အရေးပါသော ကန့်ဒေါင့်ရဲစခန်းမကျရေး စစ်ကောင်စီကြိုးပန်းခဲ့သော်လည်း မအောင်မြင်

RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီ၏ မဟာဗျူဟာအရ အချက်အချာကျပြီး အရေးပါသော ရဲစခန်းမကျရေးအတွက် လေကြောင်းပစ်ကူများ၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်ပြီး မဟာမိတ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင်တည်ရှိပြီး၊ အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်ကြောင်း၊ ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် ကပစ ၂၄ တည်ရှိကြောင်း၊ ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး…
Read More