မိုးဗြဲတိုက်ပွဲတွင် လွိုင်ကော် PDF တပ်ရင်းမှ တပ်စုမှူး ရဲဘော်ကျော်ထက် ကျဆုံး

Written by

in

RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။
 
ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF Alpha -2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ရဲဘော်ကျော်ထက်(ခ) ထက်ကြီးသည် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း သိရသည်။

တပ်စုမှူးရဲဘော် ကျော်ထက် (ခ) ထက်ကြီး (အသက် ၂၇ နှစ်) သည် တိုက်ပွဲပေါင်းများစွာကို ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ဆင်နွဲခဲ့ပြီး အောင်ပွဲများစွာတွင်လည်း ရဲဘော်ရဲဘက် များနှင့် အတူ ပါဝင်ခဲ့ကြောင်း၊ သမိုင်း၏အာဇာနည် သူရဲကောင်းအဖြစ် မှတ်ကျောက်တင်ဂုဏ်ပြုပါသည်ဟု လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF)မှ ထုတ်ပြန်ထားသည်။
 
#RedNewsAgency #REDNEWS #RNA