Editor

1551 Posts

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၅၀၅ (ခ) ဖြင့် တရားစွဲခံရ

ဒီလှိုင်း။ မကွေး၊ ဖေဖော်ဝါရီ ၂၃ ရက်။ မကွေးတိုင်းဒေသကြီီီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လက်ထောက်ညွန်ကြားရေးမှူးက တရားလိုပြုလုပ်ကာ ဒီကနေ့ (ဖေဖော် ဝါရီလ ၂၃ ရက်) မှာ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။ Red News Agency
Read More
ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၂၂ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ပြည်သူလူထု တစ်သိန်းကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ‌ပုလဲမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ပြည်သူများနှင့်အတူ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ပုလဲမြို့နယ် စုပေါင်းရုံးရှေ့တွင်လည်း ထိုင်သပိတ်ပြုလုပ်၍ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပုလဲမြို့နယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှလည်း မြို့နယ် စုပေါင်းရုံးရှေ့တွင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျန်ရှိနေသည့် ပြည်သူ့ဝန်ထမ်းများမှ CDM ပါဝန်ပေးရန် တောင်းဆိုခဲ့ကြသည်။ Red News Agency
Read More
စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

RNA- ဖေဖော်ဝါရီ ၂၁ ရက်။ အာဏာသိမ်း စစ်ကောင်စီမှခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း မြောက်ဥက္ကလာပမြိုကနယ် (ဌ) ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့သလို ရွေးကောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ဖျက်သိမ်းကာ စစ်ကောင်စီက အသစ်ထပ်မံခန့်အပ်မှုများ ပြုလုပ်နေသည့်အထဲတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ၁၉ ရပ်ကွက်ရှိရာ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်အပ်ခဲ့ကြောင်း၊ အခြားရပ်ကွက်များတွင် ယခင်အုပ်ချုပ်ရေးမှူးများကို ထပ်မံခန့်အပ်ခဲ့ကြောင်း…
Read More
စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

RNA- ဖေဖော်၀ါရီ ၂၁ ရက်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ Red News Agency
Read More
အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။ ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ Red News Agency
Read More
အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု ရိုက်ကူး-ဒီလှိုင်း မင်းဘူး၊ ဖေဖော်ဝါရီ ၁၀ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လွှတ်တော်ကိုယ်စားလှယ်များသည် အမြဲတမ်း ပြည်သူနှင့် တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြုကြောင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) မင်းဘူးမြို့ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို ပြောကြားခဲ့သည်။ Red News Agency
Read More
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

ဒီလှိုင်း မင်းဘူး၊ ဖော်ဝါရီလ ၉ ရက်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဖော်ဝါရီလ ၉ ရက်နေ့က လူ ၄ သိန်းကျော် အာဏာသိမ်းစစ်အစိုးရကို လမ်းပေါ်ထွက်ချီတက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More
စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။ Red News Agency
Read More
စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

ကိုယ့်ကို မုဒိန်းကျင့်တဲ့ လူဆိုးဗိုလ်ကို ဘယ်သူမှ မချော့ချင် မပေါင်းချင်ကြတာ သဘာဝပါ။ဒီသဘာဝကို လွန်ဆန်ပြီး သူတို့အတွေးကို တည်ဆောက်ထားပါတယ်။မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ ရှေးပုံပြင်ရဲ့ အဆုံးသတ်က လူဆိုးဗိုလ်ကို ချောက်ကမ်းပါးပေါ်က တွန်းချရေးဖြစ်ပါတယ်။အခုလူတွေရဲ့ အောင့်ကာနမ်းက ကိုယ်ပဲချောက်ထဲကျတဲ့ကိန်းမျိုးဖြစ်နေတာပါ ကျော်ကိုကို ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပွဲရဲ့ အနက်ဂယက်တွေက အများကြီးပါ။ထင်ရှားတဲ့အရာတွေကိုပဲ ပြောကြပါစို့။ဒီချုပ်က တခဲနက်ကြွေးကြော်ထားတဲ့ တောင်ပြိုကမ်းပြိုရထားသော မဲရလာဒ်ဆိုတာ လုံးလုံးပျက်ပြယ်သွားခဲ့ပါပြီ။ဒါကို မဟုတ်ပါဘူးလို့ ငြင်းလို့မရပါ။လူထုရင်ထဲမှာ ထာဝရ NLD ပဲမို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတိုင်း အတည်ဖြစ်နေတုန်းပဲ၊ပြည်သူတင်ထားတဲ့ သမ္မတက ဦးဝင်းမြင့်ပဲဆိုတာတွေက အပိုစကားတွေပဲဖြစ်ပါတယ်။လူထုကို မျှော်လင့်ချက်အမှားတွေ ဆက်မပေးကြပါနဲ့။၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး စောင့်ခဲ့တုန်းကလို နှစ်အကြာကြီး အချိန်ကုန်ခံပြီး သဲထဲရေသွန်ဖြစ်ရတာမျိုး ထပ်မကြုံသင့်တော့ပါ။လက်တွေ့အရ တပ်က…
Read More