လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံး

လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်/ကျည်ဆန်အများအပြား သိမ်းဆည်းရမိ

 

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

လေးကေ့ကော်၊ မေတ္တာလင်းမြိုင်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း NUG ၏ PVTV မှ သတင်းထုတ်ပြန်ခဲ့သည်။

လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား ၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ယောက်၊ ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးပြီး၊ ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *