Author: Editor

  • ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

    ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

    ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၂၂ ရက်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ပြည်သူလူထု တစ်သိန်းကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

    ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ‌ပုလဲမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ပြည်သူများနှင့်အတူ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ပုလဲမြို့နယ် စုပေါင်းရုံးရှေ့တွင်လည်း ထိုင်သပိတ်ပြုလုပ်၍ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

    ယင်းအပြင် ပုလဲမြို့နယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှလည်း မြို့နယ် စုပေါင်းရုံးရှေ့တွင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျန်ရှိနေသည့် ပြည်သူ့ဝန်ထမ်းများမှ CDM ပါဝန်ပေးရန် တောင်းဆိုခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=OR6-a6_Zk6o[/embedyt] Red News Agency

  • စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

    စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

    RNA- ဖေဖော်ဝါရီ ၂၁ ရက်။

    အာဏာသိမ်း စစ်ကောင်စီမှခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း မြောက်ဥက္ကလာပမြိုကနယ် (ဌ) ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

    ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့သလို ရွေးကောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ဖျက်သိမ်းကာ စစ်ကောင်စီက အသစ်ထပ်မံခန့်အပ်မှုများ ပြုလုပ်နေသည့်အထဲတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ၁၉ ရပ်ကွက်ရှိရာ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်အပ်ခဲ့ကြောင်း၊ အခြားရပ်ကွက်များတွင် ယခင်အုပ်ချုပ်ရေးမှူးများကို ထပ်မံခန့်အပ်ခဲ့ကြောင်း သိရသည်။

    (ဌ) ရပ်ကွက်နေပြည်သူများသည် စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း၊ (ဌ) ရပ်ကွက်ပြည်သူများက ရွေးကောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကွန့်ကွက်မှုပြုလုပ်ခဲ့ကြောင်း ရပ်ကွက်််နေပြည်သူများက ပြောသည်။[embedyt] https://www.youtube.com/watch?v=mVE7zhvTvEc[/embedyt]

    Red News Agency

  • စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

    စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

    RNA- ဖေဖော်၀ါရီ ၂၁ ရက်။

    အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=HoRj1CV5EUw[/embedyt] Red News Agency

  • အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

    အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

    RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။

    ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။

    ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။[embedyt] https://www.youtube.com/watch?v=xgSwg9uaEwU[/embedyt]

    Red News Agency

  • အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    ရိုက်ကူး-ဒီလှိုင်း မင်းဘူး၊ ဖေဖော်ဝါရီ ၁၀ ရက်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လွှတ်တော်ကိုယ်စားလှယ်များသည် အမြဲတမ်း ပြည်သူနှင့် တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြုကြောင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) မင်းဘူးမြို့ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို ပြောကြားခဲ့သည်။ [embedyt] https://www.youtube.com/watch?v=nnUhIqfW96s[/embedyt]

    Red News Agency

  • စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

    စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

    ဒီလှိုင်း မင်းဘူး၊ ဖော်ဝါရီလ ၉ ရက်။

    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဖော်ဝါရီလ ၉ ရက်နေ့က လူ ၄ သိန်းကျော် အာဏာသိမ်းစစ်အစိုးရကို လမ်းပေါ်ထွက်ချီတက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=obuqADzDtP8[/embedyt]

    Red News Agency

  • စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

    စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

    RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=j9hlE_S3QW8[/embedyt]

    Red News Agency

  • စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

    စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

    ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။

    စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။

    “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။[embedyt] https://www.youtube.com/watch?v=B2cFZQafpGU[/embedyt]

    Red News Agency

  • စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

    စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

    ကိုယ့်ကို မုဒိန်းကျင့်တဲ့ လူဆိုးဗိုလ်ကို ဘယ်သူမှ မချော့ချင် မပေါင်းချင်ကြတာ သဘာဝပါ။ဒီသဘာဝကို လွန်ဆန်ပြီး သူတို့အတွေးကို တည်ဆောက်ထားပါတယ်။မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ ရှေးပုံပြင်ရဲ့ အဆုံးသတ်က လူဆိုးဗိုလ်ကို ချောက်ကမ်းပါးပေါ်က တွန်းချရေးဖြစ်ပါတယ်။အခုလူတွေရဲ့ အောင့်ကာနမ်းက ကိုယ်ပဲချောက်ထဲကျတဲ့ကိန်းမျိုးဖြစ်နေတာပါ

    ကျော်ကိုကို

    ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပွဲရဲ့ အနက်ဂယက်တွေက အများကြီးပါ။ထင်ရှားတဲ့အရာတွေကိုပဲ ပြောကြပါစို့။ဒီချုပ်က တခဲနက်ကြွေးကြော်ထားတဲ့ တောင်ပြိုကမ်းပြိုရထားသော မဲရလာဒ်ဆိုတာ လုံးလုံးပျက်ပြယ်သွားခဲ့ပါပြီ။ဒါကို မဟုတ်ပါဘူးလို့ ငြင်းလို့မရပါ။လူထုရင်ထဲမှာ ထာဝရ NLD ပဲမို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတိုင်း အတည်ဖြစ်နေတုန်းပဲ၊ပြည်သူတင်ထားတဲ့ သမ္မတက ဦးဝင်းမြင့်ပဲဆိုတာတွေက အပိုစကားတွေပဲဖြစ်ပါတယ်။လူထုကို မျှော်လင့်ချက်အမှားတွေ ဆက်မပေးကြပါနဲ့။၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး စောင့်ခဲ့တုန်းကလို နှစ်အကြာကြီး အချိန်ကုန်ခံပြီး သဲထဲရေသွန်ဖြစ်ရတာမျိုး ထပ်မကြုံသင့်တော့ပါ။လက်တွေ့အရ တပ်က အာဏာ သိမ်းသွားပြီဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ရွေးကောက်ပွဲရလာဒ်ကို ထည့်စဉ်းစားတာထက်စာရင် စစ်အစိုးရဖယ်ရှားရေးလုပ်တာက ပိုလက်တွေ့ကျပါလိမ့်မယ်။

    နောက်တချက်က စစ်အစိုးရက သူတို့ပြင်ဆင်ထားတဲ့ ၂၀၀၈ အခင်းအကျင်းအောက်ကပဲ အာဏာသိမ်းယူလိုက်တယ်ဆိုတာကို မြင်အောင်ကြည့်ကြပါ။အခြားအထိုင်ပေါ်က စစ်အာဏာသိမ်းပွဲ ထွက်လာတာမဟုတ်ပါဘူး။ဒုသမ္မတ မြင့်ဆွေဆိုတာ တပ်က တင်ထားတဲ့ ကိုယ်စားလှယ်ပါ။အခုလို ကြေညာချက်တွေ အချိန်မရွေးထုတ်ပြန်နိုင်အောင်လို့ သူလိုလူကို ကာလုံကောင်စီထဲ ထည့်ထားတာပါ။ကာလုံကောင်စီ ၁၁ယောက်မှာ ခြောက်မဲက တပ်ကမို့ အမြဲအသာစီးရပြီးသားလည်းဖြစ်ပါတယ်။ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် စစ်အုပ်စုပဲ အသာရနေတဲ့ ဖွဲ့စည်းပုံပါ။ဒီဥပဒေအရ ခေါ်ယူထားတဲ့ လွှတ်တော်နဲ့အစိုးရကို တပ်က ဖျက်ပြီးသွားပါပြီ။ဒီဥပဒေကို ယုံကြည်လက်ခံတဲ့ ဒေါ်စုတို့ကိုလည်း ဖမ်းလိုက်ပါပြီ။ဆိုတော့ကာ ဘယ်လိုအခြေအနေရောက်ရောက် ကျနော်တို့ပြည်သူတွေက ဒီလို ဥပဒေမျိုးကို ပြန်အသက်သွင်းစရာ တောင်းဆိုစရာ မလိုတော့ဘူးလို့ မြင်ပါတယ်။

    NLD က ထုတ်ပြန်တဲ့ကြေညာချက်ရဲ့ နံပါတ်(၃)အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူနိုင်ရေးကို အကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ကိုယ့်ကို ထိုးထားတဲ့ နဖားကြိုးကိုမှ တန်းတန်းစွဲနှစ်သက်နေတဲ့ နွားတွေလို၊ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကို တမ်းတနေတဲ့ တရားခံလို fetish တမျိုးလို့ပဲ မြင်တယ်။လက်တွေ့မှာ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ကျွန်လွှတ်တော်ကြီးလည်း ကမ်းပါးပြိုခဲ့ပြီးပါပြီ။

    (more…)

  • စာပြင်စာတည်း၏မှတ်စုများ( ၁၅)

    စာပြင်စာတည်း၏မှတ်စုများ( ၁၅)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    မင်းက ငတုံးလား
    အရာရာကို ဦးနှောက်၊နှလုံးသားနဲ့နားလည်တဲ့လူတစ်ယောက်ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့စာရေးဆရာရဲ့ စကားတိုင်း ဝါကျတိုင်းကို အမြိုက်အရသာလိုပဲ စွဲမှတ်လက်ခံကြတယ်။ ရာဟုလာသံကိစ္စည်း
    ပြည်သူဆိုတာ မသေမျိုး။အာဏာနဲ့စည်းစိမ်ကို ကိုးကွယ်ဆည်းကပ်သူတွေက ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ဘယ်လိုပဲ သတ်ပစ်သတ်ပစ် ပြည်သူလူထုရဲ့အင်အားက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ရာဟုလာသံကိစ္စည်း

    ခတ်/ခပ်မြန်မာစာမှာ စိတ်ဝင်စားစရာတွေအများကြီး ရှိတယ်။ဟင်းအိုးထဲကို ဆားခတ်ရင်၊မဆလာခတ်ရင်၊အချိုမှုန့်ခတ်ရင် တသတ်နဲခတ်ပြီး ဟင်းအိုးထဲက ဟင်းကိုခပ်ရင်တော့ ပသတ်နဲ့ခပ်ရတဲ့ အချက်က စိတ်ဝင်စားဖွယ်အချက် တစ်ချက်အဖြစ်ပါဝင်တယ်။ကိုယ်ကနေ အပြင်ကို ရွေ့လျားသွားတဲ့သဘော ညွှန်းလိုရင် တသတ်နဲ့ခတ်ပြီးတော့ ၊အပြင်ကနေ ကိုယ့်ဘက်ကို ရွေ့လျားလာတဲ့သဘော ညွှန်းလိုရင် ပသတ်နဲ့ခပ်ပါတယ်။အသံတူတိုင်း အသတ်မတူဘူး။အသတ်မတူတဲ့အလျောက် သူတို့ရဲ့အနက်အဓိပ္ပါယ်ချင်းလည်းမတူကြဘူးလို့ သိကြဖို့ပါပဲ။
    ရည်ညွှန်း၊ မောင်ခင်မင်(ဓနုဖြူ)-လပြည့်ဝန်းနှင့်ဆင်စွယ်ဘီးကလေး ။

    ဉာဏ်နဲ့ယုံကြည်ချက်

    လောကမှာ နေရာတကာ ဉာဏ်နဲ့ တိုင်းတာသိရတဲ့ပြဿနာတွေချည်းရှိတာမဟုတ်ဘူး။တချို့ပြဿနာတွေက ယုံကြည်ချက်နဲ့တိုင်းတာပြီးသိရတာ။ကျောက်တုံးကြီးတစ်တုံး ဘယ်ခေတ်ဘယ်ကာလတုန်းက ဘယ်သူယူလာခဲ့မှန်းမသိဘူး။အထောက်အထားလည်းပဲမရှိဘူး။ခင်ဗျားဉာဏ်က မမီတော့ဘူး။ဒါပေမဲ့ ယုံကြည်ချက်သမား ရေနံသူဌေးတွေက အဲ့ဒါကို သူတို့ရင်ထဲက ယုံကြည်ချက်နဲ့တိုင်းတာပြီး အမြတ်တနိုးကိုးကွယ်ထားကြတယ်။အဲ့ဒါကို မျက်ကန်းယုံကြည်မှုလို့ ဆိုမလား။မဆိုရဘူး။ယုံကြည်ချက်က သူ့ရင်ထဲမှာရှိတဲ့ကိစ္စ။ခင်ဗျား ဘာမှ ဝင်ရောက်စိုးမိုးလို့မရဘူး။လူဟာ သူ့ယုံကြည်ချက်ကိုထိပါးလာပြီဆိုတာနဲ့လူတင်မကဘူး နတ်ဘုရားလည်း သတ်ဖို့ဝန်မလေးဘူး။နေရာတကာ ဉာဏ်က အသုံးကျတာမဟုတ်ဘူး။ဘုရားတောင်မှ ပညာပါရမီတစ်ခုတည်းဖြည့်ပြီး ဘုရားဖြစ်တော်မူတာမဟုတ်ပါဘူး။ အောင်မှူးဝေ

    (more…)