ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၁ တပ်ရင်းမှ ဒုတပ်ခွဲမှူး အောင်မြတ်မင်းနှင့် တပ်စိတ်မှူး စည်သူဇော်တို့ ကျဆုံး

RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။

ရန်ကုန်တိုင်း စစ်ဌာန ၅၁၀၁ တပ်ရင်းမှ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး ရဲဘော်ဂဂ (ခ) အောင်မြတ်မင်းနှင့် တပ်ခွဲ ၂ တပ်စု ၁ တပ်စိတ် ၁ တပ်စိတ်မှူး ရဲဘော်ဆိတ်ကြီး (ခ) စည်သူဇော်တို့သည် ရှေ့တန်းတာဝန်များထမ်းဆောင်ရင်း ဧပြီလ (၁၀) ရက်နေ့က တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း သိရသည်။

ကျဆုံး ရဲဘော် (၂) ဦးကို ဧပရယ်လ ၁၀ရက်နေ့တွင် ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ပြီး ယနေ့ (ဧပြီလ ၁၄ ရက်) သင်္ကြန် အကျနေ့တွင် ရက်လည်ဆွမ်းသွပ် အမျှအတန်းပေးဝေပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အသိပေးထားသည်။

#RedNewsAgency #REDNEWS #RNA

By Editor