PDF

မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အဆက်မပြတ်ပစ်ခတ်နေသည့် လက်နက်ကြီး‌ထိမှန်ကာ သာပေါင်းမြို့က ကိုအောင်မျိုးဇင် ပါအဝင် အနည်းဆုံး PDF (၄) ဦး မယ်ဝါးခီး တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ယနေ့ ကျဆုံးသွားခဲ့ရပြီး၊ အဖမ်းခံရသူများရှိပြီး၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်နှင့် မျက်နှာချင်းဆိုင်နီးပါးရှိသည့် မယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်နေပြီး၊ လက်နက်ကြီးများနှင့် အဆက်မပျက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။ KNU ထိန်းချုပ်နယ်မြေ မယ်ဝါးခီးတွင်ရှိသည့် ဒေသခံပြည်သူများ တိုက်ပွဲအတွင်း ပိတ်မိနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ KNLA…
Read More
ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီး ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းပါဝင်လာသူ NLD ပါတီ ရန်ကုန်တိုင်း လူငယ် ကိုဗညား လေးကေ့ကော် တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သင်္ဂြိုဟ် ပေးကြောင်း သိရသည်။ KNLA၊PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားရာအတွင်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့ပြီး၊ စခန်းသိမ်းခံရမှုများရှိကြောင်း၊ KNLAနှင့် NUG ကာကွယ်ရေးဌာန လက်အောက် PDF က ကိုဗညားအပါဝင် ကျဆုံးခဲ့ရသူများကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က လေးကေ့ကော်ကို စစ်တပ်က စတင်ဝင်ရောက် ဖမ်းဆီးမှု‌တွေလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်…
Read More
KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြသောင်းဆိပ် စခန်းအား တိုက်ခိုက်သိမ်းပိုက်

KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြသောင်းဆိပ် စခန်းအား တိုက်ခိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ KNU-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၆)နာရီ၌ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည(၉)နာရီ ၃၀ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGFစခန်းမှ လက်နက်ကြီး (၁၂၀ mm)များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးမှုရှိကြောင်း၊ BGF စခန်းအား သိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များအား ည(၁၀)နာရီအချိန်၌ KNLA…
Read More
ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ လေးကေ့ကော်က စတင်လိုက်သည့် ပစ်ခတ်မှု (၂) ရက်အတွင်း စစ်ကောင်စီတပ်က အရာရှိတပ်သားများ သေဆုံးခဲ့သလို ဖမ်းဆီးခံထားရသည့် အရာရှိများပါရှိကြောင်း ဒေသခံသတင်း ရင်းမြစ်ထံက သိရသည်။ ယနေ့ နက်နံနက်ပိုင်းက ‌မြဝတီမှ လေးကေ့ကော်အသွား စစ်ကောင်စီတပ်နှင့် BGF များ လမ်းမှာ အတိုက်ခံထားရကြောင်း၊ လေးကေ့ကော်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများရှိနေကြောင်း၊ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များရှိသည့်အထင်နှင့် လပ်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုရှိကြောင်း သိရသည်။ " အခုက ပြေးနေရတာပေါ့၊ ဟိုဘက်တော့ မရောက်သေးဘူး တိုက်ပွဲဖြစ်ရင် ပြေးရတာကတော့ ရှိ‌နေမှာပါ၊ အခုက စခတွေ အတုံးအရုံးသေနေတယ်၊ နယ်မြေအသာစီရမှုက…
Read More
လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် စစ်ရှောင်အိမ်ယာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် ယနေ့ တိုက်ပွဲစဖြစ်နေပြီဟု ဒေသခံများထံက သိရသည်။ “စစ်ကောင်စီတပ်က တောင်ပါ်ကနေ အမြောက်နဲ့စထုတာပေါ့၊ ရွာထဲထုတာ တော့ မဟုတ် သေးဘူး၊ အနီးအနား တောထဲကို လှမ်းပစ်တာပါ့၊ KNLA နဲ့ PDF တွေကလဲ ပြန်ပစ်ကြတယ်ထင်တယ်၊ သေချာတာက တော့ လေး ကေ့ကော်ဝန်းကျင်မှာ ဒီနေ့တိုက်ပွဲစတာပဲ” ဟု လေး‌ကေ့ကော်အနီးအနားက ပြည်သူတဦးက ပြောသည်။…
Read More
သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

RNA_နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ မော်လမြိုင်အခြေစိုက် ရေတပ် အမှတ် (၂) ဗျူဟာ စစ်ယာဉ်စုက ထွက်ပြီး CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ရောက်ရှိနေသည့် တပ်မတော်သား မောင်လင်းသူရထွန်းဟာ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံလိုက်ရသည်။ Red News Agency
Read More
ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ- ကလေး လမ်းပိုင်းမှာ စက်တင်ဘာလ ၉ ရက်နေ့က မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ကျဆုံးခဲ့ရာမှာ ကျဆုံးခဲ့သူတချို့၏ ဆရာမတဦးက ဝမ်းနည်းလွန်းလို့ ငိုစရာ မျက်ရည်တွေ ခန်းနေပြီဆိုပြီး ယနေ့ လူမှုကွန်ယက်မှာ ရေးသားထားသည်။ (more…)
Read More
လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

RNA- ဩဂုတ် ၂၉ ရက်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ " လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် " ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။ စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။ Red Nes Agency
Read More