စစ်ကောင်စီတပ်က (၂၀) သေ၊ လေယာဉ်နှင့် (၉) ကြိမ်လာပစ်၊ KNDF ရဲဘော်တဦးကျ

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်နှင့်မိုင်းလုံးရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီမှစပြီး တိုက်ပွဲပြင်းထန် ခဲ့ရာ စစ်ကောင်စီတပ်က (၂၀) သေဆုံးကာ အထိနာပြီး တိုက်လေယာဉ် ၂ စင်းနှင့် (၉) ကြိမ်လာရောက်ပစ်ခတ်ကြောင်း၊ KNDF ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။

[embedyt] https://www.youtube.com/watch?v=kJIOS_2dpI0[/embedyt]

” တိုက်ပွဲအတွင်း အကြမ်ဖက်စစ်ကောင်စီတပ်ဘက်မှ  (၂၀) ဦးသေဆုံး ခဲ့ပြီး KNDF မှ လက်နက်ငယ် ၃လက်၊လက်နက်ကြီး တလက်အပြင် လက်နက် ကြီး/ငယ်ကျည်များ ကိုသိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ညနေပိုင်းတွင် မိုင်းလုံးရပ်ကွက် ရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော်တစ် ဦးကျဆုံးခဲ့ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းက တပ်မ (၆၆)၊ တပ်ရင်း (၁၀၈) မှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား၃ ဦးကို လက်ပစ်ဗုံးတလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကရင်နီပြည်ရဲဌာန (KSP) သို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်များမှ တိုက်ခိုက်ခြေမှုန်းနေကြောင်း၊ မြို့တွင်းတိုက်ပွဲအတွင်း အရပ်သူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူ့အိုးအိမ်များကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသောစစ်ရာဇဝတ်မှုများကို စစ်ကောင်စီတပ် ကျူးလွန်နေကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *