စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

RNA_ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအနီး တိုက်ပွဲကို စစ်ကောင်စီတပ် ယနေ့ ညနေပိုင်းက လေကြောင်းက ပစ်ခတ်သည့်အတွက် ပရဟိတ လူငယ် (၃) ဦး ကျဆုံးသွားရကြောင်း သိရသည်။

” ည (၁၇း၃၀)နာရီတွင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့်ပရဟိတလူငယ်(၃)ဦး ကျဆုံးခဲ့ရပါသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်း တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ပါသည်” ဟု KNDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ် ဟိုတယ် အနီး ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က (၂၀) သေဆုံးကြောင်း၊ ဖရူဆိုမြို့နယ်၊မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *