အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တိုင်း လပ်နက်လိုအပ်နေချိန် ကရင်နီပြည်က KGZ Army အနေဖြင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇သိန်းကျပ်ဖြင့် ဝယ်ယူလိုပြီဖြစ်ပြီး အလှူရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း အသိပေးလာသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီ (ကယား) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသော်လည်း လက်နက်လိုအပ်မှုများရှိနေကြောင်း၊ စစ်ကောင်စီတပ်က သေသွားသူများ၏ လက်နက်များကို ပြန်ယူကာတိုက်ခိုက် နေကြရကြောင်း၊ NUG ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီပြည်က ကာကွယ်ရေးတပ်များကိုလည်း လက်နက်ထောက်ပံ့မှု နည်းပါးနေကြောင်း သိရသည်။

နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲချိန်မှ ယနေ့အထိ တပ်ဖွဲ့ဝင်များသာ များပြားလာသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှလွဲ၍ ထပ်မံပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ လက်နက်အပြည့်အစုံမရှိကြကြောင်း၊ ကရင်ပြည်နယ်အခြေစိုက် NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က PDF များလည်း လက်နက်အပြည့်အစုံမရှိကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ သေနတ်အစစ်မရှိသလောက်ဖြစ်ပြီး လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေကြကြောင်း သိရသည်။

Red News Agency

By Editor