အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။

” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်”

”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

Red News Agency

By Editor