ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

ဒီလှိုင်း မကွေး ၊ ဒီဇင်ဘာ ၁၀ ရက်။

“လက်ရှိကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခံနေရတဲ့ကိစ္စကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားဖြေရှင်းနေရတယ်ဆိုတာပြည်သူအားလုံးသိမှာပါ၊ဒီအတွက်ကျွန်တော်တို့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူတစ်သားထဲပြည်သူတစ်ရပ်လုံးကရှိတယ်ဆိုတာကိုပြချင်လိုဖြစ်ပါတယ်၊ကျွန်တော်တို့နိုင်ငံကိုတရားစွဲခြင်းဟာကျွန်တော်တို့ပြည်သူတစ်ဦးချင်းကိုတရားစွဲဆိုတာနဲ့အတူတူပါဘဲ၊အဲဒီတော့ကျွန်တော်တို့အပစ်မရှိဘူးဆိုတာပြန်လည်ခုခံချေပဖို့အတွက်တာဝန်ရှိတယ်၊နိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံရဲ့အကျိုးစီးပွား၊ပြည်သူရဲ့အတိုင်ပင်ခံနဲ့အတူရှိတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ် ” ဟု မ‌ကွေးမြို့ကံသာရပ်ကွက်မှဦးမိုးကပြောသည်။

မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့သွားသောအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား သံဃာတော်ဆရာတော်များ၊တိုင်းအစိုးရလွှတ်‌တော်ဥက္ကဌဦးတာ၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးမြင့်‌ဇော်၊NLDအဖွဲ့ဝင်များ၊ပြည်သူများ၊ကျောင်းသား/သူများအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။

Red News Agency

By Editor