Tag: လေကြောင်းတိုက်ခိုက်

  • ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

    ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

    RNA_ဖားကန့်၊ စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)အား စစ်ကောင်စီီက လေယာဉ် နှစ်စီးဖြင့် ယနေ့ နေ့လယ် တစ်နာရီက ဗုံး (၆) လုံးကြဲသွားခဲ့သည့်အတွက် အပျက်အစီးများနှင့် အထိအခိုက်များရှိကြောင်း သိရသည်။

    စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးဖြင့် ဆိပ်မူကျေးရွာအတွင်း ဗုံးခြောက်လုံး ကြဲချမှုတွင် ကျေးရွာအတွင်းအစောင့်ကျန်ခဲ့သူများ၊ ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

    (more…)

  • စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။

    အာရက္ခတပ်တော် – AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင် (၅၀) ကျော် သေဆုံးကာ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိကြောင်း AA ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

    လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

    “အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘာကြောင့်များ ခုလောက်ထိ အရပ်သားတွေအပေါ်မှာ ရက်စက်နိုင်နေသေးတာလဲ။ ပြည်သူအပေါ်ထားရမည့် ကျင့်ဝတ် (၁၀) ပါးထဲက “ပြည်သူကို ရေလို၊ လလို ကျင့်ရမယ်” ဆိုတာ မသိတော့တဲ့ ကျင့်ဝတ်သိက္ခာမဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေပြီလား ?”

    ရန်နိုင် – Wiper

    ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးခါစအချိန် လိုက်ဖမ်းလို့ ကျွန်တော်တို့ အိမ်ပေါ်ကိုယ် ပြန်တက်ပြေးရင်းနဲ့ အိမ်ရဲ့အပေါ်ဆုံးထပ် အုတ်ဝရန်တာကနေ စစ်ခွေးတွေကို တိတ်တိတ်ကလေး ချောင်းကြည့်ဖူးတယ်။ မြင်သွားရင်လဲ အပစ်ခံရတဲ့အချိန်ဆိုတော့ ရင်ခုန်ဖို့လဲကောင်းတယ်၊ သူတို့လှုပ်ရှားမှုက တောလိုက်နေတဲ့ မုဆိုးတွေလိုပဲ ခြေသံလုံလုံနဲ့ အရိပ်တွေလိုပဲ ရွေ့နေတာ။

    တိုက်အောက်တည့်တည့်ကို ရောက်လာတဲ့ စစ်ခွေးခေါင်းဆောင်က ခပ်အုပ်အုပ်အသံနဲ့ ဆဲတာတခု ကြားလိုက်ရတယ်။ “ မင်းတို့ အဲ့ကောင်တွေကို အိမ်ထဲခေါ်ထား၊ အဲ့ကောင်တွေက မင်းတို့ အမေတွေ၊ နှမတွေကို…. “ ဆိုတဲ့ စကားကို ကြားလိုက်ရတယ်။ သူပြောတဲ့စကားအရ ခု သူတို့လိုက်ဖမ်းတဲ့ ဆန္ဒပြသူတွေကို ဘယ်လိုလူတန်းစားတွေလို့ ထင်တာလဲ။ စစ်ခွေးတွေက ဆန္ဒပြသူတွေကို တခြားအရပ်ကရောက်လာတဲ့ သောင်းကျန်းသူတွေလို့ ထင်နေတာလား..။

    နောက်ပိုင်းတော့လည်း တဖြည်းဖြည်းနဲ့သိလာရတာက စစ်ခွေးတော်တော်များများက အခြေနေမှန်ကို အချိန်နဲ့တပြေးညီ မသိရှိကြတာပဲ။ အာဏာ သိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကိုလာဝိုင်းတဲ့ စစ်ခွေးတွေကိုယ်တိုင် သူတို့ဘာလုပ်နေမှန်း မသိကြဘူး။ ပဲခူး၊ တပ်မ (၇၇) က စစ်သားတွေကို ညတွင်းချင်း နေပြည်တော်ကို စစ်ဆင်ရေးသွားရမယ်ဆိုပြီး ပါလာတာဖြစ်ကြောင်း၊ သူတို့ကိုယ်တိုင် ဘာတွေဖြစ်နေမှန်းလဲ မသိကြောင်း သိရတယ်။ စစ်ခွေးတွေ တော်တော်များများက အထက်ကပေးတဲ့အမိန့်တစ်ခုသာ သိတော့တာကြောင့် ပစ္စုပ္ပန်တည့်တည့်မှာ အသိမရှိတော့၊ ဘယ်သူက တရားလဲ၊ ဘယ်သူက မတရားလဲဆိုတာ ရေရေ လည်လည် မတွေးနိုင်ကြသူတွေများတယ်။ အထက်က ခေါင်းထဲထည့်ပေးလိုက်သလောက်ပဲ သိကြတော့တဲ့သူတွေဖြစ်တယ်။

    (more…)

  • ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

    ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

    RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
     
    မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

    (more…)

  • စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ (၂၅) ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခခန့်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချပြီး ပစ်ခတ်မှု (၇) ကြိမ်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=kK3eMDQEEy4[/embedyt]
     
    #RedNewsAgency

  • စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

    စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီပြည် (ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဗုံးကြဲခဲ့သည့်အတွက် ဆေးရုံတခုလုံး ပျက်စီးသွားသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=iK_o-i7VmjQ[/embedyt]
     
    #RedNewsAgency

  • ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

    ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

    RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။
     
    စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
     
    ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

    စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    ၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

    စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

    RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

    “ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး” ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။

    စစ်ကောင်စီတပ် လေယာဥ်ဖြင့်ပစ်ခတ်ပြီး တပ်သားများကို ချသွားကြောင်း၊ ဒေသခံရွာသူ ရွာသားများပိတ်မိနေကြကြောင်း၊ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးနိုင်သည့်မတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

    Red News Agency

  • စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။

    (more…)