မဇွန်ပွင့်လှိုင်

ရဲလက်မှ မတရားဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသောအဖွဲ့ ပြန်လည်ဖမ်းဆီးခံလိုက်ရ

ရဲလက်မှ မတရားဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသောအဖွဲ့ ပြန်လည်ဖမ်းဆီးခံလိုက်ရ

RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်ကို ယမန်နေ့ညပိုင်းက ရဲလက်မှကယ်ထုတ်သွားနိုင်ခဲ့သောအဖွဲ့ ယနေ့နံနက်ပိုင်းမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရပြီဟု စစ်ကောင်စီလော်ဘီများက တယ်လီဂရန်ချန်နယ်များတွင် ဖြန့်ချိနေသည်ကို တွေ့ရှိရသည်။ လှိုင်သာယာမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ည ၇ နာရီအကျော်တွင် အဓမ္မဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်သည် ကျန်းမာရေးကိစ္စဖြင့် ရဲစခန်းမှ လှိုင်သာယာဆေးရုံသို့ ဒုရဲအုပ် ၂ ဦးနှင့်အတူ သွားရောက်စဉ် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် အမျိုးသား (၂) ဦးက လိုက်ပါလာသော ဒုရဲအုပ်အမျိုးသားနှင့်အမျိုးသမီးကို သေနတ်ဖြင့်ပစ်ကာ မဇွန်ပွင့်လှိုင်အား ကယ်ထုတ်သွားနိုင်ခဲ့သည်။ (more…)
Read More