အကျဉ်းဦးစီးဝန်ထမ်းနှင့် စစ်တပ်၊ ရဲတို့ ပူးပေါင်းပြီး အကျဉ်းသားအား လွှတ်ပေးမည်ဟုဆိုကာ ကျပ်သိန်း (၇၀၀) လိမ်လည်မှုဖြစ်ပွား

RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်းမြို့နယ်ရှိ၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားအား လွတ်အောင် လုပ်ပေးမည်ဟုဆိုကာ အကျဉ်းသားမိသာစုထံမှ အကျဉ်းဦးစီးဝန်ထမ်း (၃) ဦး၊ စစ်ကောင်စီတပ်သား (၁) ဦး၊ ရဲ (၁) တစ်ဦးတို့က ငွေကျပ်သိန်း (၇၀၀) တောင်းသည့် လိမ်လည်မှု ယခု တစ်ပတ်အတွင်း ဖြစ်ပွားနေကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

” အကစကသုံးယောက် ရဲတစ်ယောက် စစ်တပ်ကတစ်ယောက်ပေါင်းပြီးတော့လုပ်တာပေါ့။ ငွေတော့ယူလိုက်တယ် အကျဉ်းသားကိုလွတ်အောင်လုပ်မပေးနိုင်တော့ အခုအတိုင်ခံထားရတယ်။ စစ်ကြောရေးမှာ စစ်နေတယ်လို့ကြားတယ်။ တောင်းတာက သိန်း ခုနှစ်ရာ ဘာမှလုပ်မပေးတော့ အကျဉ်းသားမိသားစုက တိုင်တာပေါ့” ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။

အင်းစိန်ထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးနှင့် ပတ်သက်ပြီး ထောင်ကျသူများထံမှလွဲပြီး သာမန်အကျဉ်းသားများထံမှ ငွေတောင်းသည့် ဝန်ထမ်းများရှိကြောင်း၊ အင်းစိန်ထောင်အတွင်း အလုပ်မလုပ်ရရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး စသည်တို့အတွက် ထောင်ပိုင်၊ အဆောင်မှူး၊ ညွှန်မှူးအထိ ငွေပေးပြီး နေထိုင်သူများရှိကြောင်း၊ လွတ်ငြိမ်းသက်သာခွင့်များတွင် ငွေပေးပြီး လွတ်အောင်လုပ်ပေးနိုင်သူများထဲတွင် အဆောင်မှူး၊ ထောင်ပိုင်၊ ညွှန်မှူးတို့ မလုပ်ဆောင်နိုင်ဟု ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor