30
Jun
RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်းမြို့နယ်ရှိ၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားအား လွတ်အောင် လုပ်ပေးမည်ဟုဆိုကာ အကျဉ်းသားမိသာစုထံမှ အကျဉ်းဦးစီးဝန်ထမ်း (၃) ဦး၊ စစ်ကောင်စီတပ်သား (၁) ဦး၊ ရဲ (၁) တစ်ဦးတို့က ငွေကျပ်သိန်း (၇၀၀) တောင်းသည့် လိမ်လည်မှု ယခု တစ်ပတ်အတွင်း ဖြစ်ပွားနေကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ " အကစကသုံးယောက် ရဲတစ်ယောက် စစ်တပ်ကတစ်ယောက်ပေါင်းပြီးတော့လုပ်တာပေါ့။ ငွေတော့ယူလိုက်တယ် အကျဉ်းသားကိုလွတ်အောင်လုပ်မပေးနိုင်တော့ အခုအတိုင်ခံထားရတယ်။ စစ်ကြောရေးမှာ စစ်နေတယ်လို့ကြားတယ်။ တောင်းတာက သိန်း ခုနှစ်ရာ ဘာမှလုပ်မပေးတော့ အကျဉ်းသားမိသားစုက တိုင်တာပေါ့" ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။ (more…)