Tag: မြိုင်မြိုနယ်
-

ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး
RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။[embedyt] https://www.youtube.com/watch?v=eKca8k16DKo[/embedyt]ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။#RedNewsAgency #RNA #RedNews -

စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်
RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=IMlUVxz4wtY[/embedyt]ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊ မိုင်းပွိုင့်များအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခံရပြီးနောက် ဇီးပြားရဲစခန်းဘက် ဆုတ်ခွါသွားခဲ့ကြောင်း၊ လမ်းလျှောက် စစ်ကောင်စီတပ်မှ သေဆုံးသူ ၈ ဦးဝန်းကျင်ရှိကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ဇီးပြားရွာရဲစခန်းနှင့် သရော်ကိုင်းရွာမှပျူများ အသံချဲ့စက်များဖြင့် အနီးဝန်းကျင်မှ မီးရှို့မည်ဖြစ်ကြောင်း၊ ပစ်သတ်မည်ဖြစ်ကြောင်းအပါအဝင် အကြားဝံ့မနာသာ စကားလုံးများဖြင့် ဆဲဆိုနေကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။#RedNewsAgency -

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်
RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=1-_Ew1Tmyrs[/embedyt]ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့ ထုတ်ပြန်ထားသည်။#RedNewsAgency -

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ
RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=BjLKd_SLt5s[/embedyt]” တော်လှန်ရေးအရှိန်မြင့်တင်လာသည်နှင့်အမျှ စခ၊ ပခ များအနေဖြင့် မိမိတို့ နေရာများသည် လုံခြုံမှုကင်းမဲ့နေပြီ ဟုသော အတွေးရစေရန် အခွင့်အရေးရသည်နှင့် အလစ် ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ မြို့နေမိဘပြည်သူများအနေဖြင့်လည်း စခ၊ ပခ များနှင့် နီးစပ်ရာနေရာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း မပြုလုပ်ကြရန်နှင့် အကယ်၍ ပြည်သူများရှိခဲ့မည် ဆိုပါက အတတ်နိုင်ဆုံးပြည်သူများ ကိုထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု မြိုင် ပ.က.ဖ ထုတ်ပြန်ထားသည်။ -

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်
RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force – MUGDF က ထုတ်ပြန်ထားသည်။
-

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်
RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် – ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် – ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် – ၂၀) နှစ်၊ ကိုသိုက်စိုး (အသက် – ၄၀) တို့ ကျဆုံးခဲ့ရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို မြိုင်မြို့နယ်အတွင်း ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်မှုများကြောင့် ပြည်သူများသည် ခုခံစစ်ကို ပြင်ဆင်ခဲ့ကြပြီး ယနေ့ (၂) နှစ်မြောက်ကာလတွင် မြိုင်မြို့နယ်၌ လက်နက်ကိုင် ခုခံစစ် အားကောင်းနေကြောင်း သိရသည်။
#RedNewsAgency
-

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်
ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေRNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=-EjrML1PM54[/embedyt]ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။#RedNewsAgency -

စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ
RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်ကောင်စီ မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့သည်ဟု မြိုင်ပကဖ Telegram တွင် အသိပေးထားသည်။

ဓာတ်ပုံ – မြိုင်ပကဖ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တပ်စခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ၂၊ တပ်ခွဲ (၃)၊ မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MCKCစသည့် မဟာမိတ်များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြိုင်ပကဖ (သေဆုံးနေသည့် စစ်ကောင်စီတပ်သားများပုံ ကြည့်လိုပါက https://t.me/rednewsagency/1520 နှိပ်ပါ)
#RedNewsAgency
-

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်
မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံRNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=dPlVJOcZgNE[/embedyt]မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ -

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ
RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”၊ “ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စသဖြင့် ကလေး လူကြီးအကုန် လမ်းပေါ်ထွက်ကာ ယနေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
[embedyt] https://www.youtube.com/watch?v=EHcztxJjqIg[/embedyt]