ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျန်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး လပ်နက်အင်အားမမျှသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦး ကျဆုံးခဲ့ကြောင်း ဝမ်းနည်းစွာ အသိပေးလာသည်။

ဒေသတွင်း အင်အား ၂၀၀ ကျော်ဖြင့် ကျေးရွာများအတွင်းလှည့်ပတ်ကာ နေအိမ်မီးရှို့ ပြည်သူကို နှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်အင်အားမမျှသည့်အတွက် ပြည်သူ့အတွက် အသက်ပေးခဲ့ကြရကြောင်း သိရသည်။

Red News Agency

By Editor