ပုလဲဂျိုကာ

ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်စ၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်နဂါးဦးဆောင်သောမြန်မာ့တော်ဝင်နဂါးတပ်တော်၊ ပုလဲဂျိုကာတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အကျအဆုံးများနိုင်ကြောင်း၊ ဗိုလ်နဂါးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတချို့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး မျက်နှာ ယမ်းစမှန် ( မစိုးရိမ်ရ) ခဲ့ကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ Red News Agency
Read More