ကရင်ပြည်နယ်

ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသတွင် ကော်ဘရာစစ်ကြောင်းမှ ကားတစ်စီးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အလစ်အငိုက်ဖမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ရာ အမျိုးသမီးရဲဘော် (၂) ဦးပါအဝင် အနည်းဆုံး ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း Red News Agency က အတည်ပြုနိုင်သည်။   “အခုက အဲ့မူရယ်၊ နောက်အမျိုးသမီးတဦးရယ်၊ အမျိုးသား တဦးရယ်ပေါ့ ကျသွားတာ သေချာပါပြီ၊ ဒါပေမဲ့ ပြင်ထားတာတော့ ၆ နေရာရှိတယ်ကြားတယ်၊ သေချာတာက ၃ ဦးက သေချာပါပြီ၊ စခတွေက ချောင်းမြောင်းပစ်တာ၊ တိုက်ပွဲဖြစ်ပွားချိန်မှာ မဟုတ်ပါဘူး” ဟု PDF ရဲဘော်တဦးက…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။…
Read More
96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ ခုနှစ်။ “ 96 Soldiers တွေ မြို့ကိုတက်လာမယ်၊ မကြာခင်မှာ တက်လာမယ်၊ 96 Soldiers “ ဟု ရဲဘော်သစ်နောင်နောင်က တိုက်ပွဲဝင်ရန် သွားလာနေစဉ် ကြုံးဝါးထားသည်။  96 Soldiers - PDF ရဲဘော်များသည် တောင်ပိုင်းတိုင်းစစ်ဒေသနှင့် အညာမြေစစ်ဒေသတို့တွင် စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။  Red News Agency
Read More
တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

တိုက်ပွဲအရှိန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု တပ်ရင်းမှူး စောစလုံးပြော  RNA_အောက်တိုဘာ(၂၆)၊၂၀၂၂ခုနှစ်။  “ ဆင်ဖြူရဲ့ စစ်ကြောင်း PDFနဲ့ ပူးပေါင်းမဟာမိတ် ကော်သူးလေအာမီ အထူးကွန်မန်ဒိုတပ်ရင်း စင်ပေါ်ပြန်တက်ရင် အားလုံး တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး ဝိုင်းပြီး ဆုတောင်းပေးပြီးတော့ လက်ခုပ်တီးကြ။ ဒီကနေ့ ဒီအချိန်ရောက်ရင် အာဏာရှင် အာဏာရူးတွေ တော်ပါတော့ ကန်တော့ပါတော့လို့ မကြားချင်တော့ဘူး အခွင့်အရေးပေးကြာနေပြီ” အာဏာရူး စစ်တပ်ကို တိုက်ခိုက်ရန် အရှန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု KawThooLei Army အထူးကွန်မန်ဒိုတပ်ရင်း၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးက ပြောကြားထားသည်။  Red News Agency
Read More
ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

RNA_အောက်တိုဘာ(၂၂)၊၂၀၂၂ ခုနှစ်။   တိုက်ပွဲပြင်းထန်ခဲ့သည့် ယမန်နေ့က ကော့ကရိတ် တိုက်ပွဲတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် စောအချီ ကျဆုံးခဲ့ရသည်။   ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း ဩဂုတ်လ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တိုက်ပွဲ နွားခြံအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးကုသမှုနောက်ကျသည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။   “ ကျနော်နဲ့အတူ တိုက်ပွဲတွေ စစ်ဆင်ရေးတွေထွက်တာ အများကြီးပါ အမှတ်တရတွေက၊ တော်တော်စိတ်မကောင်းဖြစ်ရတယ်၊ ဝမ်းနည်းရတယ်ဗျာ၊ မနေ့ကလည်း ကော့ကရိတ်တိုက်ပွဲမှာ အတူတူ တိုက်ခဲ့ကျတာပါ၊ ကျနော်က နည်းနည်းပဲ ထိတာပါ၊ သူငယ်ချင်းက ကျသွားတယ်၊ သူဆို အေးဆေးနေလို့ရတယ် ဒါကိုမနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်တယ်ဗျာ…
Read More
ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ - ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီ - ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း…
Read More
တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်…
Read More
စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ "လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်" ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့…
Read More
ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ ကော်သူးလေတပ်မတော် (ကီဂ်သူလူၤသုးမုဒိဉ်(KAW THOO LEI ARMY)သည် NCA စာချုပ်လွှမ်းမိုးမှုမရှိသော  တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ယနေ့ ဗိုလ်ချုပ်နယ်ဒါးမြက ထုတ်ပြန်ထားသည်။ KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ်  NCA စာချုပ်ဖြင့် စစ်ရေးအရချုပ်နှောင်ခံထားရသဖြင့် စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသားတုန့်ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ထုတ်ရန် အချိန်ကောင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ကော်သူးလေတပ်မတော် (KAW THOO LEI ARMY)သည် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များသာမက နယ်မြေဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းသွားမည်ဟု သိရသည်။ ကော်သူးလေတပ်မတော်…
Read More