Tag: ရဲဘော်စောအချီ

  • ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

    ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

    RNA_အောက်တိုဘာ(၂၂)၊၂၀၂၂ ခုနှစ်။
     
    တိုက်ပွဲပြင်းထန်ခဲ့သည့် ယမန်နေ့က ကော့ကရိတ် တိုက်ပွဲတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် စောအချီ ကျဆုံးခဲ့ရသည်။
     
    ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း ဩဂုတ်လ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တိုက်ပွဲ နွားခြံအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးကုသမှုနောက်ကျသည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
    ကော့ကရိတ်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် စောအချီ
     
    “ ကျနော်နဲ့အတူ တိုက်ပွဲတွေ စစ်ဆင်ရေးတွေထွက်တာ အများကြီးပါ အမှတ်တရတွေက၊ တော်တော်စိတ်မကောင်းဖြစ်ရတယ်၊ ဝမ်းနည်းရတယ်ဗျာ၊ မနေ့ကလည်း ကော့ကရိတ်တိုက်ပွဲမှာ အတူတူ တိုက်ခဲ့ကျတာပါ၊ ကျနော်က နည်းနည်းပဲ ထိတာပါ၊ သူငယ်ချင်းက ကျသွားတယ်၊ သူဆို အေးဆေးနေလို့ရတယ် ဒါကိုမနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်တယ်ဗျာ မြို့ပေါ်မှာစားသောက် ပျော်ပါးနေတာတွေမြင်ရတာ စိတ်မကောင်းဖြစ်ရတယ်၊ ပိုဝမ်းနည်းရတယ်ဗျာ သူ့ကလေးက အခုမှ ၈ လပဲ ရှိသေးတာ” ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးရဲဘော် ကိုသစ်နောင်နောင်က Red News Agency ကို ပြောသည်။

    (more…)