Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • အင်းစိန်ထောင်နှင့် ဖားအံ၊ တောင်ကြီး၊ တောင်ငူထောင်တို့တွင် ကိုဗစ်ဖြစ်နေ

    အင်းစိန်ထောင်နှင့် ဖားအံ၊ တောင်ကြီး၊ တောင်ငူထောင်တို့တွင် ကိုဗစ်ဖြစ်နေ

    RNA- ဇူလိုင် ၁၆ ရက်။

    အင်းစိန်အကျဉ်းထောင်၊ ဘားအံတောင်ကလေးအကျဉ်းထောင်၊ တောင်ကြီးထောင်နှင့် တောင်ငူအကျဉ်းထောင်တို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ယနေ့ ( ဇူလိုင်လ ၁၆ ရက်) တွင် AAPP၏ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီက အကျဉ်းထောင်များ အဝင်အထွက်များကို ပိတ်ထားကြောင်း၊ ထောင်ဝင်စာနှင့် ဧည့်တွေ့များကိုလည်း ပိတ်ထားကြောင်း၊ ယခု ကိုဗစ်ကာလ ပြင်းထန်ချိန် ဖမ်းဆီးခံရသူများအတွက် စိုးရိမ်ရသည့် အနေ အထားရှိနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဥပဒေအကြံပေး ဦးဉာဏ်ဝင်းမှာ အင်းစိန်အကျဉ်းထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။

    ” အင်းစိန်အကျဉ်းထောင်၊ ဘားအံတောင်ကလေးအကျဉ်းထောင်၊ တောင်ကြီးထောင်နှင့် တောင်ငူအကျဉ်းထောင်တို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည်ကို နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း အကျဉ်းသားဦးရေ မည်မျှကူးစက်ခြင်း ခံထားရသည် သို့မဟုတ် မည်မျှသေဆုံးသွားသည်နှင့်ပတ်သက်၍ကိုမူ သိရှိရခြင်းမရှိပါ။” ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    MNHRC မှ စုံစမ်းစစ်ဆေးခဲ့သော အကျဉ်းထောင် (၃၀) ၏ စုစုပေါင်း ဝင်ဆံ့နိုင်သည့် အကျဉ်းသားဦးရေမှာ ၃၁,၅၀၀ ဖြစ်သော်လည်း အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ (၅၀၀၀၀) ကျော် ထိန်းသိမ်းထားရပြီး (၁၉၀၀၀) ပိုလွန်၍ ထိန်းသိမ်းထားရှိသည်ကို တွေ့ရှိရကြောင်း၊ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ လူသေဆုံး လျှင်ပင် ဂရုစိုက်မှု၊ ဂရုထားမှုမရှိသည့် အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဘားအံတောင်ကလေးအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု အဆမတန်များပြားနေကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမျိုးသမီးတစ်ဦး အချုပ်ဆောင်အတွင်း ကိုဗစ်သံသယဖြင့် အသက်သေဆုံးသွားခဲ့သော်လည်း သတင်းထိန်ချန်ထားခဲ့ကြောင်း၊ အနံ့ပျောက်နေသည့် လူနာများကိုလည်း အခြားအကျဉ်းသားများနှင့်အတူ ရောနှောထားရှိသလို ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း၊ မိသားစုနှင့် ဆက်သွယ်ခွင့် တားမြစ်ထားသည့်အတွက် ဆေးဝါးထောက်ပံ့နိုင်မှုအတွက်ပါ လွန်စွာခက်ခဲနေရသည်ဟု AAPP ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၈ ဦးသေဆုံး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

    ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၈ ဦးသေဆုံး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

    ကလေးမြို့၊ ဇူလိုင် ၁၆ ရက်။

    စစ်ကိုင်တိုင်း၊ ကလေးမြို့နယ် ယနေ့ ( ဇူလိုင်လ ၁၆ ရက်)  တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီလက်နက် ကိုင် ၈ ဦးသေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ” ကလေးမြို့နယ် တောင်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီမှ ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းနေသဖြင့် မိမိတို့ PDF (Kalay) အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အပြင်းအထန်လက်တုံ့ပြန်သွားမည့် ကာလဖြစ်သဖြင့် ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား သွားလာသည့် ကားများအနေဖြင့် မဖြစ်မနေ မှန်ချ၍ မောင်းနှင်ပေးကြပါရန် ကြိုတင် အသိပေးအပ်ပါသည်” ဟု ယနေ့ ည People’s Defence Force (Kalay) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF (Kalay) တပ်ဖွဲ့များအကြား ယနေ့နံနက် ၅ နာရီ အချိန်ခန့်မှ ပြန်လည်စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင်များက လက်နက်ကြီးများကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်စ၊ ဒေသခံ စစ်ဘေးရှောင်များလည်း များပြားနေကြောင်း သိရသည်။

    #RedNewsAgency #RedNews

  • ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦးသေဆုံး

    ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦးသေဆုံး

    ကလေး၊ ဇူလိုင် ၁၅ ရက်။

    ကလေးမြို့ပြည်သူ့ရာကွယ်ရေးတပ်ဖွဲ့ ( People’s Defence Force – Kalay) နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ ယနေ့ ( ဇူလိုင်လ ၁၅ ရက်) တနေ့လုံးနီးပါး တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦး သေဆုံးကြောင်း PDF- Kalay က ထုတ်ပြန်ထားသည်။

    PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီလက်နက်ကိုင်များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဆင်နွှဲခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ညနေ ၇ နာရီခွဲအချိန်ခန့်ထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ PDF (Kalay) မှရဲဘော် ၂ ဦး အသက်ပေးဆပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ယနေ့နံနက် ၁၀ နာရီ ဝန်းကျင်အချိန်ခန့်မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များသည် ကလေးမြို့နယ်တောင်ပိုင်းမှ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ် နှင့် အရှေ့စည်းရွာများသို့ ဝင်ရောက်အကြမ်းဖက်စီးနင်းရန် ဆက်တိုက်ကြိုးပမ်းခဲ့ရာ အဆိုပါရွာများအနီးဝန်းကျင်နယ်မြေတဝိုက်တွင် PDF (Kalay) တပ်ဖွဲ့များဖြင့်ထိတွေ့မှုတောက်လျှောက် ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဆင်ခြင်မဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ယနေ့ ညပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်များက
    ကျောက်ဖူးနှင့် အရှေ့စည်းရွာများတွင် တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူများ လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် PDF (Kalay) က မေတ္တာရပ်ခံထားသည်။

    Red News Agency

  • ပဲခူးပြည်သူ့ကာကွယ် ရေး ( BDF) တပ်မဟာ (၂ ) တိုးချဲ့ ဖွဲ့စည်း

    ပဲခူးပြည်သူ့ကာကွယ် ရေး ( BDF) တပ်မဟာ (၂ ) တိုးချဲ့ ဖွဲ့စည်း

    ပဲခူး၊ ဇူလိုင် ၇ ရက်။

    ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BAGO DEFENSE FORCE ( BDF ) ၏ တပ်မဟာ (၂) ကို ယနေ့ ( ဇူလိုင် ၇ ရက်) တွင် အင်အားတိုးချဲ့ဖွဲ့စည်းပြီး‌ကြောင်း ပဲခူး BDF က ထုတ်ပြန်ထားသည်။

    ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်သော ပြည်သူတရပ်လုံးမှသည် မြန်မာတနိုင်ငံလုံးတွင်နေထိုင်သော ပြည်သူတရပ်လုံး၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် အကြမ်းဖက်စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ပွဲဝင်ရာ တွင် ပိုမိုတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BAGO DEFENSE FORCE ( BDF ) ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

    RedNewsAgency

  • အခြေခံစားသောက် ကုန်တွေ ဈေးတင်မရောင်းဖို့နှင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

    အခြေခံစားသောက် ကုန်တွေ ဈေးတင်မရောင်းဖို့နှင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

    ချင်းပြည်နယ်၊ ဇူလိုင် ၅ ရက်။

    လက်ရှိအခြေအနေအရ ပြည်သူတို့၏ စားဝတ်နေရေး ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များ အခက်အခဲ ဖြစ်နေသည့်အတွက် ပြည်သူအချင်းချင်း လက်ဝါး ကြီးအုပ် ဈေးအဆမတန် မြှင့်မရောင်းကြဖို့ ယနေ့ ( ဇူလိုင်လ ၅ ရက်) တွင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးစာ ထုတ်ပြန်ထားသည်။

    မင်းတပ်မြို့နယ်တွင် ပြည်သူအချင်းချင်းလက်ဝါးကြီး အုပ်ပြီး အခြေခံစားသောက်ကုန် တန်ဆာခ၊ တန်ဘိုးတွေကို အဆမတန် ဈေးတင်ရောင်းချနေသည့် ကုန်သည်များ ရှိနေကြောင်း၊ သင့်တင့်သည့် နှုန်းထားဖြင့် ပြန်လည်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

    ဟု ဆိုသည်။

    မင်းတပ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို အဆမတန် ဈေးတင်ရောင်းချနေသူများ လိုက်နာမှု မရှိပါက ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းတပ်မြို့တွင် အပစ်ရပ်ကာလအတွင်း စစ်ကောင်စီဘက်ကအင်အားတိုးထားသလို အပစ်ရပ် သတ်မှတ်ရက်လည်း ပြည့်ပြီဖြစ်သည့်အတွက် တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    RedNewsAgency

  • တရုတ်နိုင်ငံသည် အခြား နိုင်ငံများကို အနိုင်ကျင့်၊ ဖိနှိပ်ခြင်းနှင့် လက်အောက်ခံပြုခြင်းလည်း မရှိဟု တရုတ် သမ္မတရှီကျင့်ဖျင်ပြော

    တရုတ်နိုင်ငံသည် အခြား နိုင်ငံများကို အနိုင်ကျင့်၊ ဖိနှိပ်ခြင်းနှင့် လက်အောက်ခံပြုခြင်းလည်း မရှိဟု တရုတ် သမ္မတရှီကျင့်ဖျင်ပြော

    RNA ၊ ဇူလိုင် ၂ ရက်။

    တရုတ်ပြည်သူများသည် အခြားနိုင်ငံပြည်သူများကို တစ်ကြိမ်မျှ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ လက်အောက်ခံပြုခြင်း မရှိကြောင်း ယခင်ကမရှိခဲ့သလိုယခုလည်းမရှိ၊ နောင်တွင်လည်းရှိမည်မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဌ သမ္မတ ရှီကျင့်ဖျင်(Mr. Xi Jinping ) က ပြောသည်။

    ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် “ဇူလိုင်လ ၁ ရက်နေ့ ဆုတံ ဆိပ်” ချီးမြှင့်ခြင်းအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသည် မိမိရွေးချယ်ထားသည့် လမ်းကြောင်းပေါ်တွင် ဝင့်ကြွားစွာ ဦးမော့ရင်ကော့၍ ချီတက်သွားမှာဖြစ်ပြီးတရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ကံကြမ္မာအား မိမိ၏လက်ထဲတွင် အမိအရကိုင်ဆုပ်ထားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

    ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး တည် ဆောက်သူ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းရွက်သူနှင့် နိုင်ငံတကာအခင်းအကျင်းကို ကာကွယ်စောင့်ထိန်းသူ အမြဲတစေ ဖြစ်သည်ဟုလည်း သမ္မတ ရှီကျင့်ဖျင်၏မိန့်ခွန်းတွင် ဖော်ပြထားသည်။

    Red News Agency

  • ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

    ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

    ဒီပဲယင်း၊ ဇွန် ၂၈ ရက်။

    ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ ယနေ့ ( ဇွန်လ ၂၈ ရက်) နေ့လည်ပိုင်းတွင် ဒီပဲယင်းမြို့နယ် မုံရွာလမ်းထွက် ရွာသစ်ကျေးရွာနှင့် ကြည်ကျေးရွာအကြားတွင် ၁ နာရီ ၃၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Depeyin PDF က ထုတ်ပြန်ထားသည်။

    ကြည်ရွာကျေးရွာအနီး တိုက်ပွဲအပြင် ပတွင်းရွာသစ်ချောင်းတံတားအနီးတွင်လည်း စစ်ကောင်စီလက်နက်ကိုင် ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမိုင်းခွဲတိုက်ခိုက်မှုတွင် မြို့နယ်စခန်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသွားသူများရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    စစ်ကိုင်းတိုင်းအတွင်း ယခုရက်ပိုင်းတွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် အများအပြား သေဆုံးကြောင်း PDF များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    Red News Agency

  • မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

    မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

    RNA၊ ဇွန် ၂၄ ရက်။

    မန္တလေးမြို့ပေါ်တွင် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ပြည်တွင်း၍ပဒေနှင့် နိုင်ငံတကာ ဥပဒေများအတိုင်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု NUG က ယနေ့ ( ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်ထားသည်။

    မန္တလေးမြို့ပေါ် ပစ်ခတ်မှုသည် စစ်ကောင်စီ လရ်နက်ကိုင်များက လူမဆန်စွာ အကြမ်းဖက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ မန္တလေး PDF အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

    ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

    ရန်ကုန်၊ ဇွန် ၂၄ ရက်။

    ရနါကုန်တိုင်းအတွင်း ရန်ကင်းမြို့နယ် ပြည်ထဲရေးရုံး၊ ထွေအုပ်ရုံး၊ မင်္ဂလာဒုံ ထောက်ပို့တပ် အပါအဝင် နေရာ ၃၀ ကျော်ကို ဖောက်ခွဲမှုများပြုလုပ်ထားပြီး၊ စစ်ကောင်စီ လက်အောက်ခံ ၂၀ ကျော်သေဆုံးထားသည်ဟု ဖဆလတ အဖွဲ့က ယနေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

    ဖဆလတနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်ပြောက်ကျားများပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူများကို ကာကွယ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

    စစ်ကောင်စီက အရပ်သားဆိုင်ရာ ပစ်မှတ်များကို ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲအကြမ်းဖက်ပြီး တော်လှန် ရေးမဟာမိတ်များပြုလုပ်နေသယောင် ပုံဖျက်ဝါဒဖြန့်နေကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်များက သိသာထင် ရှားသည့် တိုက်ခိုက်ခဲ့သည့်နေရာများကိုလည်း ကြေညာထားသည်။

    RedNewsAgency

  • CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

    CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

    မင်းတပ်၊ ဇွန် ၂၃ ရက်။

    ကျောက်ထု- မင်းတပ်- မတူပီ လမ်းကြောင်း ဆိုင်ကယ်/လူ သွားလာမှုကို နှောက်ယှက်တားဆီးခြင်း မပြုလုပ်ရန်၊ ရိက္ခာသယ်သောကားများ အဝင်အထွက်စစ်ဆေးပြီး သွားလာမှုပြုရန် အပါအဝင် အချက် ၅ ချက်ကို CDF မင်းတပ်နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ နှစ်ဖက်သဘောတူညှိနှိုင်းဆောင်ရွက်ထားသည်ဟု ယနေ့ ( ဇွန်လ ၂၃ ရက်) တွင် CDF မင်းတပ်က ထုတ်ပြန်ထားသည်။

    RedNewsAgency