မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၄ နာရီ မီးဖြတ်မည့်နေရာ တော်တော်များရှိ

RNA_မတ် ၆၊၂၀၂၂ခုနှစ်။

မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ (၂၄) နာရီလုံး မီးဖြတ်မည့် နေရာတော်တော်များများ ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာက ယနေ့ ထုတ်ပြန်လိုက်သည်။

ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ရက်အထိ ဆောင်ရွက်မည် ဖြစ်၍ ထိုကာလအတွင်း နေရာအချို့ကို မီးဖြတ်ထားမည်ဟု ကြေညာခဲ့သည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် နေရာအတော်များများ မီးပျက်မှုသည် ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေသည်။ မီးပေးချိန် မမှန်သလို မီးတစ်ကြိမ်ဖြတ်လျှင် ၆ နာရီ ခန့်ကြာလေ့ရှိကြောင်း၊ နွေရာသီကာလ မီးပျက်သည် ဆိုသော်ငြား လည်း ယခု စစ်ကောင်စီ အာဏာ လုယူထားစဥ်ကာလ လောက် ဆိုးဝါးခြင်း မရှိကြောင်း ပြည်သူများက ပြောနေကြသည်။

“တမင်လုပ်နေတာ၊ လူတွေကို စိတ်သောက ဖြစ်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ၊ စေတနာရှိတဲ့ကောင်တွေမှ မဟုတ်တာ မီးဖြတ်တာကတော့ အဆန်းမဟုတ်ပါဘူး။ ရွာတွေတောင် ရွာလုံးကျွတ် မီးတင်ရှို့နေကြတာပဲလေ။ ဒါက တမင်လုပ်တာ” ဟု ရန်ကုန်မြို့ဒေသခံတစ်ခုက ပြောသည်။

လျှပ်စစ်အင်ဂျင်နီယာချုပ်ရုံးကလည်း မီးစက်ဝယ်ရန် တင်ဒါခေါ်ယူထားသည့်အတွက် မီးထပ်မံပျက်နေမည့်အခြေအနေတွင်ရှိကြောင်း၊ မီးစက်များကို ပြည်သူများ ပိုမိုအသုံးပြုလာရပြီး လုပ်ငန်းခွင်များမှာ အဆင်ပြေမှုမရှိတော့ကြောင်း သိရသည်။

Red News Agency

By Editor