အုပ်ချုပ်ရေးမှုးနှင့် ဒလန်အသတ်ခံရသည့်ကိစ္စ သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင် ဖမ်းဆီးခံရ

RNA_မတ် ၅၊၂၀၂၂ခုနှစ်။

မကွေးတိုင်း၊ တောင်‌တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဒလန် အသတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင်ကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရွာထဲဝင်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

” အခုက ရွာထဲမှာကျန်တဲ့ လူငယ်တွေ ဖမ်းခံလိုက်ရတာ တချို့က အလုပ်သွားနေကြတာ၊ ဟိုဘက်ရွာမှာ အသတ်ခံရတဲ့ကိစ္စ ဒီဘက်နဲ့မဆိုင်ဘူး၊ လုပ်တာက ဘယ်သုမှန်းမသိဘူး ဒါကို သဲဖြူရွာ အုပ်ချုပ်ရေးမှူးက စစပ်တပ်ခေါ်ပြီး ကိုယ့်ရွာက လူတွေကို ဖမ်းခိုင်းတာ၊ အတော်ဆိုးတယ်ဗျာ ဘာမှမဆိုင်ဘူး၊ အုပ်ချုပ်ရေးမှူးဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ ဒီလူငယ်တွေရ ရွာမှာ အေးဆေးနေကြတာ” ဟု ဒေသခံတဦးက ပြောသည်။

သဲဖြူကျေးရွာသည် အုပ်ချုပ်ရေးမှူးနှင့်ဒလန်သတ်မှတ်ခံထားရသူ အသတ်ခံရသည့် ချင်းသပြေပင်ကျေးရွာနှင့် ကပ်နေကြောင်း၊ ယခု ဖမ်းဆီးခံရသည့် လူငယ် ၃၀ ဝန်းကျင်တွင် အရှိုချင်းလူငယ်များ ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ်များကို မည်သည့်နေရာခေါ်သွားမှန်း မသိကြကြောင်း၊ ဘာမှလုပ်ထားရသည့် လူငယ်များ ညှင်းပန်းနှိပ်စက်ခံရပြီး အသက်အန္တရာယ် ဖြစ်မည်ကို မိသားစုဝင်များ စိုးရိမ်နေကြကြောင်း သိရသည်။

ချင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး နန်းတင်နှင့် ဒလန်သတ်မှတ်ခံရသူ ဌေး‌မောင်တို့သည် မတ်လ ၄ ရက်နေ့ ည (၈) နာရီ (၃၀) မိနစ်ဝန်းကျင်က ဂဠုန်ရာဇာပြောက်ကျား တပ်ဖွဲ့ ကသုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း၊ နန်းတင်နှင့် ဌေး‌မောင်တို့သည် စစ်တပ်ကို မကြာခဏခေါ်ပြီး လူငယ်များကို ဖမ်းဆီးခြင်းနှင့် ဒေသအပေါ် စစ်‌တပ်နှင့်‌ပေါင်းပြီး ဖိနှိပ်မှုများ ပြုလုပ်နေသည့်အတွက် သုတ်သင်ခံရသည်ဟု သိရသည်။

Red News Agency

By Editor