26
Sep
RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု အလိုရှိနေသည့် မူးယစ်ဆေးဝါးဖြန့်ချိရာ၌ အဓိကတရားခံတစ်ဦးဖြစ်သူကို ဗီယက်နမ်အစိုးရက ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC Myanmar) ထံ စက်တင်ဘာ (၂၄) ရက်က လွှဲပြောင်းပေးခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး မက်သာဖက်တမင်း (၈၁၀) ကီလိုဂရမ် ဖြန့်ချိရောင်းချမှု၌ အဓိကတာဝန်ရှိသည့် မှော်ဘီမြို့နယ်နေ ဝေထွန်းဆိုသူကို စစ်အုပ်စုက ဖမ်းဆီးရန် လုပ်ဆောင်ရန် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဆင့်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့မှုအပေါ် မြန်မာတာဝန်ရှိသူများက မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်အစိုးရ…