RNA Editor

115 Posts
မြန်မာပတ်စ်ပို့ကိုင်ထားသည့် တရုတ်နိုင်ငံသား ဝရမ်းပြေးကို ဘန်ကောက်တွင် ဖမ်းဆီးရမိ

မြန်မာပတ်စ်ပို့ကိုင်ထားသည့် တရုတ်နိုင်ငံသား ဝရမ်းပြေးကို ဘန်ကောက်တွင် ဖမ်းဆီးရမိ

RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၌ (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသားကို ထိုင်းအာဏာပိုင်များက ယနေ့ (စက်တင်ဘာ ၁၆ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ Mr. Myo (ဦးမျိုး) အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား မစ္စတာ လီ (Mr. Li) သည် အစိုးရစီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုကိစ္စရပ်များ၌ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ၎င်းကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ ယင်းနောက် မစ္စတာလီသည် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် မစ္စတာမျိုး အမည်ဖြင့် မြန်မာပတ်စ်ပို့ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပြီး (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေထိုင်ခဲ့သူလည်း…
Read More
စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ဝတ်မှုန်ရွှေရည်၏ဓာတ်ပုံများကို Vogue Thailand မှ ပြန်လည်ဖယ်ရှား

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ဝတ်မှုန်ရွှေရည်၏ဓာတ်ပုံများကို Vogue Thailand မှ ပြန်လည်ဖယ်ရှား

RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် မြန်မာအမျိုးသမီးသရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ဓာတ်ပုံများကို Vogue Thailand ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် စက်တင်ဘာ (၁၅) ရက်၌ဖော်ပြခဲ့ပြီး တစ်ရက်အကြာ ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် ပြန်လည်ဖယ်ရှားလိုက်ကြောင်း သိရသည်။ ဝတ်မှုန်ရွှေရည်၏ အမျိုးသားဖြစ်သူ နိုင်ဖြိုးကျော်(ခ)အဲရစ်ယန်သည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် ပါဝင်ကူညီထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်၏ Seventh Sense Creation ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ထားသူတစ်ဦးဖြစ်သည်။ ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များ၌ လိုက်ပါသွားရသည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများထဲတွင် နိုင်ဖြိုးကျော်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ခင်သီရိသက်မွန်နှင့်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများ၌လည်း အတူပူးတွဲလုပ်ကိုင်နေကြောင်း…
Read More
ဖုန်းသုံးစွဲသူများ၏ အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးမှုဖြင့် တယ်လီနော စွဲချက်တင်ခံရ

ဖုန်းသုံးစွဲသူများ၏ အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးမှုဖြင့် တယ်လီနော စွဲချက်တင်ခံရ

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ပံ့ပိုးကူညီခဲ့သည့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီကို အရေးယူရန် နော်ဝေရဲတပ်ဖွဲ့က စွဲချင်တင်ထားပြီး တယ်လီနောရုံးချုပ်ကို ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း Justice For Myanmar (JFM) ၏ ယနေ့ (စက်တင်ဘာ ၁၅ ရက) ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီသည် သုံးစွဲသူများ၏ အချက်အလက်များနှင့် စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့မှုနှင့်ပတ်သက်၍ JFM နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမှုဖွင့်တိုင်ကြားစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား ဥရောပသမဂ္ဂမှ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စောင့်ကြည့်ထောက်လှမ်းရေးစင်တာနှင့် ဆက်နွယ်သည့် စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများကို ၂၀၂၁…
Read More
KIA ထိန်းချုပ်ထားသည့် မြေရှားသတ္တုများကို အိန္ဒိယက စိတ်ဝင်စားနေသော်လည်း နည်းပညာဆိုင်ရာ အခက်အခဲများရှိနေ

KIA ထိန်းချုပ်ထားသည့် မြေရှားသတ္တုများကို အိန္ဒိယက စိတ်ဝင်စားနေသော်လည်း နည်းပညာဆိုင်ရာ အခက်အခဲများရှိနေ

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ချီဖွေနှင့် ပန်ဝါတို့ရှိ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကို အိန္ဒိယဘက်မှ စိတ်ဝင်စားမှုများရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာ ထုတ်လုပ်သန့်စင်မှုအတွက် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။ မြေရှားသတ္တုအတွက် အိန္ဒိယက မြန်မာစစ်အုပ်စုနှင့် KIA တို့မှ တာဝန်ရှိသူများကိုပါ ဆက်သွယ်မှုများရှိနေပြီး မြေရှားသတ္တုအရည်အသွေးကို စမ်းသပ်ရန်အတွက် KIA ထံမှ နမူနာများ တောင်းယူထားကြောင်း ကမ္ဘာ့မြေရှားသတ္တုအခြေအနေများကို စောင့်ကြည့်လေ့လာနေသည့် Rare Earth Exchanges (REEx) က ထုတ်ပြန်ထားသည်။ ကချင်ပြည်နယ်အတွင်း KIA ထိန်းချုပ်ထားသည့် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၅၀၀) ဝန်းကျင်ရှိနေပြီး လက်ရှိ၌လည်း တူးဖော်ရရှိသည့် မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေဆဲဖြစ်ပြီး ထုတ်လုပ်သန့်စင်မှုလုပ်ငန်းစဉ်များကို…
Read More
အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြော

အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြော

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ အာရှ-ပစိဖိတ်ဒေသဆိုင်ရာအလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံ နယူယောက်မြို့ရှိ ၎င်း၏ ရုံးအဖွဲ့မှ ယနေ့ (စက်တင်ဘာ ၁၅ ရက်) သတင်းထုတ်ပြန်ထားသည်။ နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် ကွယ်လွန်နတ်ရွာစံခြင်းအတွက် စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂရုံး၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပရာ ဦးကျော်မိုးထွန်းက ယင်းအခမ်းအနား၌ အမှတ်တရ အောက်မေ့ဖွယ်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဦးကျော်မိုးထွန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်လက်လက်တွဲလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှ အသိအမှတ်ပြု ခန့်အပ်ခံထားရသူတစ်ဦးလည်း ဖြစ်သည်။ (more…)
Read More