Red News Agency

ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

RNA_ဇူလိုင် ၁၂၊၂၀၂၂ခုနှစ်။ အမှိုက်ကောက်သည့်ကလေးနှင့် ပြည်သူများထိခိုက်မည်စိုးသည့်အတွက် စစ်ကားများအတွက် ရည်ရွယ်ထားသည့် ဗုံးတွဲဖောက်ခွဲမှု မစ်ရှင် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဗုံးကိုသယ်မသွားဘဲ လမ်းမပေါ်တွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။ " ဗုံးကို အမှိုက်ကောက်တဲ့ကလေးက တွေ့သွားတာ၊ ကျနော်တို့ စောင့်ကြည့်နေတာ စစ်ကားတွေအတွက်လုပ်ထားတာ၊ အဲချိန်မခွဲရက်ဘူး အခြားဘေးကလူတွေထိကုန်မှာ အဲဒါကြောင့် မစ်ရှင်ဖျက်လိုက်ရတယ်၊ ဗုံးက အားပြင်းတယ်၊ နည်းပညာမြင့်တယ်၊ စစ်ခွေးတွေသယ်မသွားရဲဘူး အဲဒါနဲ့ ပြည်သူတွေလဲ ထိတ်လန့်အောင် လမ်းပါ်မှာ ခွဲလိုက်တာ၊ ပြည်သူတွေကို တောင်းပန်ချင်ပါတယ် စစ်ကား‌တွေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအနီးမှာ…
Read More
စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

RNA_ဇူလိုင်၁၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စုပေါင်းရုံးအတွင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်များက ယမန်နေ့ညနေ ၆ နာရီဝန်းကျင်က တာဝေးပစ်လက်နက် ကြီးအချက်၂၀ ကျော်ပစ်ခတ်ကာ စစ်မြူပြီး ထွက်လာသည့် စစ်ကောင်စီတပ်သား ၆ ယောက်ထွက်လာစဉ် အနီးကပ်မိုင်းဆွဲတိုက်ခိုက်ရာ (၂) ဦးသေဆုံးကြောင်း သိရသည်။ ပုလဲမြို့ စုပေါင်းရုံးနှင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပုလဲတပ်ရင်း(၄)၊ဒေါင်းနက်‌နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့ ပုလဲတပ်ရင်း(၅)၊ဒေသခံ Local PDF တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီမှ ၈ နာရီအထိ တိုက်ခိုက်ခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
PDF အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

PDF အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ PDF အဖွဲ့ဝင်တချို့ ဒလန်သတ်မှတ်ထားသူ ဦးကျော်ဟိန်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်စဉ် (၇) နှစ်အရွယ် မငုဝါနိုး ကျည်ထိမှန်ကာ သေဆုံးခဲ့ရသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီက ယနေ့ နံနက်မှာ ထုတ်ပြန်ထားသည်။ ဝေဒီကျေးရွာနေ ဦးကျော်ဟိန်းအား ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း၊ ပစ်ခတ်မှုအတွင်း ဦးကျော်ဟိန်းမှာ ထွက်ပြေးလွတ်​မြောက်ခဲ့ကာ နေအိမ်အတွင်းရှိ ဇနီးဖြစ်သူ အသက် (၄၀)ခန့်ရှိ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ အသက် (၇) နှစ်အရွယ် မငုဝါနိုးတို့ ကျည်ဆံထိမှန်ခဲ့ပြီး မငုဝါနိုးမှာ အသက်သေဆုံးသွားခဲ့တယ်လို့…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=-JsY60C2iWQ[/embedyt] ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ကဿပဝိဇ္ဇာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အိန္ဒိနိုင်ငံထုတ် ခါးချိုး ငါးလုံးပြူသေနတ် ထုတ်လုပ်အောင်မြင်ဖြစ်ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=-Dg6FqlDHSM[/embedyt] ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ကို လက်နက် ကိုင် ခုခံစစ်ဆင်နွှဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စက်ရုံထုတ် သေနတ်များကို လုံလောက်စွာမရှိသည့်အတွက် စစ်အာဏာရှင်ကို တိုက်ခိုက်ရန် လက်လုပ် ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်များ ထုတ်လုပ်နေကြရကြောင်း သိရသည်။ Red News Agency
Read More
ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ " ပေါက်ရင်ယူ မပေါက်ရင်လှူ" အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။ [embedyt] https://www.youtube.com/watch?v=mY0qU0IfVXk[/embedyt] Red News Agency  
Read More
လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

RNA_ဇူလိုင် ၆၊၂၀၂၂ခုနှစ်။ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံနေသည့် လူငယ်တော်လှန်ရေးတပ်ဦး-YRF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ RedNewsAgency
Read More
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

RNA_ဇူလိုင် ၆၊၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်က (၄၀) ဝန်းကျင် သေဆုံးခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF ရဲဘော် ကရင်နီသူရဲကောင်း (၁၁) ဦး၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ " တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူ။ ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက် ပြန်မရနိုင်တဲ့အစားထိုးမှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ" ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက အသိပေးထားသည်။   ဇူလိုင်လ ၄ ရက်နေ့ နံနက်…
Read More
“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။ KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် "အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် "ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။ အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=FIRRJxoS_fs[/embedyt] " စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်" ဟု PDF…
Read More