KA

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး ( အသက် ၂၂ နှစ်) ကျဆုံးခဲ့ရသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။ မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း…
Read More
တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။   “၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။…
Read More
၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။ မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦး - URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊…
Read More
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံး

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံး

RNA_စက်တင်ဘာ (၁၁)၊ ၂၀၂၂ခုနှစ်။ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ယနေ့ နံနက် (၇) နာရီမှစတင်ကာ KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။ "တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် (၁)လတ် ၊…
Read More
၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ (more…)
Read More
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

RNA_ဇူလိုင် ၆၊၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်က (၄၀) ဝန်းကျင် သေဆုံးခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF ရဲဘော် ကရင်နီသူရဲကောင်း (၁၁) ဦး၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ " တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူ။ ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက် ပြန်မရနိုင်တဲ့အစားထိုးမှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ" ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက အသိပေးထားသည်။   ဇူလိုင်လ ၄ ရက်နေ့ နံနက်…
Read More
စစ်ကောင်စီတပ်က (၂၀) သေ၊ လေယာဉ်နှင့် (၉) ကြိမ်လာပစ်၊ KNDF ရဲဘော်တဦးကျ

စစ်ကောင်စီတပ်က (၂၀) သေ၊ လေယာဉ်နှင့် (၉) ကြိမ်လာပစ်၊ KNDF ရဲဘော်တဦးကျ

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်နှင့်မိုင်းလုံးရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီမှစပြီး တိုက်ပွဲပြင်းထန် ခဲ့ရာ စစ်ကောင်စီတပ်က (၂၀) သေဆုံးကာ အထိနာပြီး တိုက်လေယာဉ် ၂ စင်းနှင့် (၉) ကြိမ်လာရောက်ပစ်ခတ်ကြောင်း၊ KNDF ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=kJIOS_2dpI0[/embedyt] " တိုက်ပွဲအတွင်း အကြမ်ဖက်စစ်ကောင်စီတပ်ဘက်မှ  (၂၀) ဦးသေဆုံး ခဲ့ပြီး KNDF မှ လက်နက်ငယ် ၃လက်၊လက်နက်ကြီး တလက်အပြင် လက်နက် ကြီး/ငယ်ကျည်များ ကိုသိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ညနေပိုင်းတွင် မိုင်းလုံးရပ်ကွက် ရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပါသည်။ တိုက်ပွဲအတွင်း…
Read More