05
Jan
RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။ " ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့်…