ဒေသခံတောင်သူ

ဆင်အင်းကြီးကျေးရွာမှာ ရွာသား ၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်

ဆင်အင်းကြီးကျေးရွာမှာ ရွာသား ၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်

RNA_နိုဝင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ယမန်နေ့ ( နိုဝင်ဘာ ၁၀ ရက်) ညပိုင်းတွင် ကျေးရွာကို ဝင်စီးပြီီး ရွာသား (၉) ဦးထက်မနည်းကို သတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်းကို ရက္ခိုင့်တပ်မတော် -AA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ်များအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း၊ တိုက်ခိုက်ခံရပြီီးအနီးကျေးရွာများကိုစစ်ကောင်စီတပ်ဝင်စီးပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း( အသက် -၄၁ နှစ်)၊ မောင်စံလှ(အသက် - ၃၈ နှစ်)၊ ဦးခင်မောင်(အသက် -၅၅ နှစ်)၊…
Read More