ဆင်အင်းကြီးကျေးရွာမှာ ရွာသား ၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်

RNA_နိုဝင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ယမန်နေ့ ( နိုဝင်ဘာ ၁၀ ရက်) ညပိုင်းတွင် ကျေးရွာကို ဝင်စီးပြီီး ရွာသား (၉) ဦးထက်မနည်းကို သတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်းကို ရက္ခိုင့်တပ်မတော် -AA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ်များအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း၊ တိုက်ခိုက်ခံရပြီီးအနီးကျေးရွာများကိုစစ်ကောင်စီတပ်ဝင်စီးပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း( အသက် -၄၁ နှစ်)၊ မောင်စံလှ(အသက် – ၃၈ နှစ်)၊ ဦးခင်မောင်(အသက် -၅၅ နှစ်)၊ ဦးဇံ(အသက်- ၆၅ နှစ်)၊ မောင်ကျော်သိန်း(အသက် – ၆၅ နှစ်)၊ ဒေါ်မေနု(အသက် -၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(အသက် – ၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာတစ်ဦး (အသက် -၆၀ နှစ်)၊ ဦးမှဲ့နီ(အသက် -၅၆ နှစ်) စသည်တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းဌာန DMG တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းခွဲခံရပြီးနောက် လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဒေသခံရွာသားများ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ခိုလှုံကြသူများမှာ လွတ်မြောက်ပြီး အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သူများမှာ အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

RedNewsAgency

By Editor