လွိုင်ကော်

လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့နှင့်ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်တဦးပါအဝင် တပ်သား (၃၀) သေဆုံးခဲ့ပြီး၊ လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ်တစီးပစ်ချခံရကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ ယနေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် (၁၁) လက်နှင့်လက်နက်ကြီးကျည်၊ လက်နက်ငယ် ကျည်အချို့ကိုကို တိုက်ပွဲအတွင်း KNDF ကသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ "အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်"…
Read More
လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၃ နာရီဝန်းကျင်က လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ " လေကြောင်းကနေ ပစ်တာဟုတ်ပါတယ်၊ ၂ နာရီနောက်ပိုင်းကတည်းကပါ၊ လာပစ်လိုက်ပြန်သွားလိုက်ပဲ၊ ဗုံလဲကျဲပါတယ်" လို့ လွိုင်ကော်မြို့ ဒေသခံ အရပ်သားတဦးကအတည်ပြု ပြောကြားသည်။ လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက်ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်း ဖက်စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲများ ဇန်နဝါရီလ (၇) ရက်နေ့က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးများခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ (၇) ရက်နေ့က…
Read More
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။ မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး…
Read More