လွိုင်​ကော်မှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးနိုင်ပြီး အရှင် (၃) ဦးဖမ်းဆီးခံရ

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် ( ကယား)၊ လွိုင်ကော်မြို့တွင် ယနေ့ နံနက်ပိုင်းမှ ည (၇) နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ပြီး အရှင် (၃) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထား​သော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)၊ KDF၊ KGZ တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ကြောင်း၊ မိုင်းလုံးရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ကို DMO-PDF၊ လွိုင်​ကော်(PDF)၊ KNDF၊ KA နှင့် အခြား​သော​တော်လှန်​ရေးတပ်ဖွဲ့များ ပူးပေါင်းကာ နံနက် ၈ နာရီမှ ည ၇ နာရီဝန်းကျင်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃) ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း DMO-PDF ကထုတ်ပြန်ထားသည်။

ယနေ့ လွိုင်ကော်တွင် စစ်​ကောင်စီတပ်စခန်းခန်းချထား​​သော​ နေရာတွင် ပြည်သူပိုင်အိုးအိမ်(၂)လုံး မီး​လောင်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ် အသေအဆုံး များနိုင်ကြောင်း၊ စစ်ကောင်စီတပ်အထိနာသည့်အတွက် ညနေ ၆ နာရီဝန်းကျင်က တိုက်​လေယာဥ်(၁)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ရက်အတွင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)က ရဲ​ဘော်(၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *