လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၃ နာရီဝန်းကျင်က လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” လေကြောင်းကနေ ပစ်တာဟုတ်ပါတယ်၊ ၂ နာရီနောက်ပိုင်းကတည်းကပါ၊ လာပစ်လိုက်ပြန်သွားလိုက်ပဲ၊ ဗုံလဲကျဲပါတယ်” လို့ လွိုင်ကော်မြို့ ဒေသခံ အရပ်သားတဦးကအတည်ပြု ပြောကြားသည်။

လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက်ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်း ဖက်စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲများ ဇန်နဝါရီလ (၇) ရက်နေ့က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးများခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၇) ရက်နေ့က စစ်ကောင်စီတပ်၏ ရပ်ကွက်များအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရကာ ထောင်ချီပြီး ထွက်ပြေးခဲ့ကြရကောင်း၊ ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ရင်း CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း ကျဆုံးခဲ့ရသည်။

ယနေ့ တိုက်ပွဲအခြေအနေများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များထံက ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့နှင့် ဒေသခံပြည်သူတို့၏ ပြောပြချက်အရ လေကြောင်းကနေပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် Karenni Army၊ KNDF ၊ ဒီးမော့ဆို PDF ၊ KGZ၊ KPDF စသည့်မဟာမိတ်တပ်ဖွဲ့များက ခုခံပစ်ခတ်ကြကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *