Tag: ယောဒေသ

  • NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

    ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ..ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ..ဖ ရဲဘော် အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF ထီးလင်းမှတာဝန်ရှိသူတဦးကပြောကြားထားသည်။

    (more…)

  • ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။

    မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)

  • ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် – YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။

    Photo : Myat Thu 

    (more…)

  • ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် – YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    [embedyt] https://www.youtube.com/watch?v=Vpa_CnlDIc0[/embedyt]

    Red News Agency